3 May 2024

ပုလင်းဖောက်တံနဲ့အာသာဖြေပြီးပြန်ထုတ်မရတော့လို့ကယ်ဆယ်ရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့ရတဲ့အမျိုးသား

 

ကန်ချနဘူရီခရိုင် ထာ့မွမ့် မြို့နယ်မှာ ထူးခြားဖြစ်ရပ်တစ်ခု မနေ့ညက ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ အမျိုးသားတစ်ဦးဟာ ပုလင်းဖောက်တံနဲ့ အာသာဖြေပြီး လိင်တံကို ပြန်ထုတ်မရတော့တာကြောင့် ထာ့မွမ့် ကယ်ဆေးရေးအဖွဲ့ကို အကူအညီတောင်းခံခဲ့တာပါ။

 

 

အကူအညီတောင်းခံခဲ့တာနဲ့ချက်ချင်း ကယ်ဆယ်ရေးအဖွဲ့က သွားရောက်ကူညီခဲ့ပြီး လိင်တံညပ်နေတဲ့ ပုလင်းဖောက်တံကို သံဖြတ်စက်ကိရိယာတွေနဲ့ ဖြတ်တောက်ပေးခဲ့ရာ ၂ နာရီခန့်ကြာမြင့်ပြီး မှ ဒဏ်ရာ တစ်စုံတစ်ရာမရှိဘဲ လိင်တံကို ပုလင်းဖောက်တံအကွင်းထဲက အောင်မြင်စွာ ထုတ်ပေးနိုင်ခဲ့တယ် လို့သိရပါတယ်။

 

ကန်ချနဘူရီခရိုင် ထာ့မွမ့် ကယ်ဆယ်ရေးအဖွဲ့ကတော့ ဒီဖြစ်ရပ်ကို ၎င်းတို့ရဲ့ ဖေ့ဘွတ်စာမျက်နှာမှာ လူငယ်တွေကို သတိပေးတဲ့အနေနဲ့ တင်ခဲ့ပြီး ထိုင်းလူမှုကွန်ရက်စာမျက်နှာပေါ်မှာတော့ လူပြောများတဲ့ ဖြစ်ရပ်တစ်ခုဖြစ်လို့နေပါတယ်။

ขอบคุณที่มา รัตนาวุธ นิวส์

 

SHARE THIS NEWS

OTHER NEWS