26 April 2024

ထိုင်းနိုင်ငံမှာ သေဆုံးသူတွေကိုမီးသဂြိုလ်ဖို့ရယ်လို့ နေရာသီးသန့် သတ်မှတ် ထားခြင်းမရှိပါဘူး။ ဘုန်းကြီးကျောင်း တိုင်းလိုမှာ မီးသဂြိုလ်စက်တွေ ဆောက်လုပ်ထားရှိထားတာကြောင့်

သေဆုံးသူရဲ့နောက်ဆုံးခရီးကို မီးသဂြိုလ်ရာကအစ အလှူအတန်းပြုလုပ်တဲ့အထိ ထိုင်းလူမျိုးတွေဟာ ဘုန်းကြီးကျောင်းမှာပဲပြုလုပ်လေ့ရှိကြပါတယ်။

 

အရင်ကရုပ်လောင်းတွေကို ဘုန်းကြီးကျောင်းမှာမီးသဂြိုလ်ပြီး ဈာပနအခန်းအနားကို ဘုန်းကြီးကျောင်းမှာပဲ ပြုလုပ်လေ့ရှိပေမယ့် အခု ကိုဗစ်ကာလမှာ သေဆုံးသူကိုပင် မီးသဂြိုလ်ဖို့ အခက်အခဲ ရှိလာပါတယ်။

အထူးသဖြင့် ကိုဗစ်ကူးစက်မှု အနီရောင်ဇုန်အဖြစ် သတ်မှတ်ခံထားရတဲ့ မြို့တော်ဘန်ကောက်မှာ ကိုဗစ်လူနာတွေကို မီးသဂြိုလ်ပေးနေတဲ့ ကျောင်းတွေဟာ သိပ်မများလှပါဘူး လက်ချိုးလို့ပင်ရေတွက်နိုင်ပါတယ်။

ကိုဗစ်ကိုရှေ့တန်းက တိုက်နေတဲ့ ဆရာဝန်တွေနည်းတူ သေဆုံးသူရဲ့နောက်ဆုံးခရီးကို စီစဉ်ဆောင်ရွက်ပေးတဲ့ သံဃာတွေအနေနဲ့လည်း PPE ဝတ်ဆင်ဖို့လိုလာပါတယ်။

 

 

 

“ဦးဇင်းတို့ PPE ဝတ်ပြီး သေဆုံးသူရဲ့ နောက်ဆုံးခရီးအတွက် ဆောက်ရွက်ပေးနေတဲ့ ချိန် သေဆုံးသူရဲ့ဆွေမျိုးတွေက သံဃာ နဲ့ သုဘရာဇာမှားပြီးခေါ်ဝေါ်လေ့ရှိတယ်။ ဒါကြောင့် ဦးဇင်းတို့အနေနဲ့ PPE မှာ “သံဃာ” လို့ ဆော့ပင်နဲ့ ရေးထားရတယ် မရေးထားတဲ့သူက သုဘရာဇာဆိုပြီး ဒကာတွေခွဲခြားသိရှိ နိုင်အောင်ပါ” လို့ ကိုဗစ်ကြောင့်သေဆုံးသူတွေကို ဒိုင်ခံမီးသဂြိုလ်ပေးနေတဲ့ ဘန်ကောက်တွင်းက ဘုန်းကြီးကျောင်းတစ်ကျောင်းက ထိုင်းဘုန်းကြီးတစ်ပါးက မီဒီယာကိုပြောပါတယ်။

 

 

 

ဒီနေ့မှာတော့ ဖေ့ဘွတ်‌ပေ့ချ် Phra Sanitwong Charoenrattawong က သံဃာတော်တွေအတွက် သင်္ဃန်းအရောင် PPE ထွက်ရှိလာပြီဖြစ်ကြာင်းကို ဖေ့ဘွတ်စာမျက်နှာပေါ်မှာရေးသားမျှဝေထားလျက်ရှိပါတယ်။

ကူးစက်မှုမြင့်မားနေတဲ့ကိုဗစ်ကာလမှာ ဘန်ကောက်တွင်းက ဘုန်းကြီးကျောင်း တိုင်းလို အပြင်ကဒကာတွေကို ပေးမဝင်ဘဲ ဆွမ်းလောင်းတဲ့အခါမှာလည်း အစိုးရသတ်မှတ်ထားတဲ့ အကွာအဝေးထားရှိလျက်ရှိပါတယ်။

ထိုင်းနိုင်ငံရဲ့ကိုဗစ်ကူးစက်နှုန်းကတော့ တစ်နေ့ကို ၂ သောင်းကျော်ထိ မြင့်တတ်လျက်ရှိဆဲပါ။

SHARE THIS NEWS

OTHER NEWS