29 April 2024

ဩဂုတ် ၁၆ ရက် ၂၀၂၁

 

မြို့တော်ဗန်ကောက်အတွင်း နာမည်ကြီးဘုန်းတော်ကြီးကျောင်းသုံးခုရှိ သံဃာများ သီလရှင်များနှင့်ကပ္ပိယများကို ကျူလာဖော်တော်ဝင်ဆေးရုံမှ

ယမန်နေ့တွင် ဒုတိယအကြိမ်စိုင်နိုဖာမ်ကာကွယ်ဆေးများသွားရောက်ထိုးနှံပေးခဲ့သည်ဟု ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားသည်။

 

ကျူလာဖော်တောင်ဝင်ဆေးရုံ လက်ထောက်အတွင်းရေးမှူး ဝလလွပ် ယုတိဓမ်ဒမ်ရွန်ဦးဆောင်သည့် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့သည်

 

ယမန်နေ့တွင် ဖာစီကျရုန်မြို့နယ်ရှိ ဝပ်ပါနမ်းဖာစီးကျရုန်ကျောင်းဝင်းထဲတွင် ကာကွယ်ဆေးထိုးနှံရေးစင်တာဖွင့်လှစ်ပြီး ဝပ်ပါနမ်းဖာစီး

 

ကျရုန်ကျောင်း၊ ဝပ်နာ့ခပရွတ်ကျောင်းနှင့်ဝပ်ရတ်ချခရုဝေါ်ရဝိဟန်းမှ သံဃာ၊ သီလရှင်နှင့်ကပ္ပယစုစုပေါင်း ၃၂၁ ပါး/ဦး တို့ကို ဒုတိယအကြိမ်

 

စိုင်နိုဖာမ်ကာကွယ်ဆေးထိုးနှံပေးခဲ့သည်ဟု ဖော်ပြထားသည်။

 

 

အဆိုပါ သံဃာများသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် ပထမအကြိမ်ထိုးနှံထားသည်ဟု ရေးသားထားသည်။

 

ကျူလာဖော်တော်ဝင်ဆေးရုံးအနေဖြင့် အများပြည်သူမှလှူဒါန်းထားသောကာကွယ်ဆေးများ၊ ဖတ္ထရ မဟာရာချာနုစောတော်ဝင်ဖောင်ဒေးရှင်းမှ

 

လှူဒါန်းသောကာကွယ်ဆေးများ၊ အဖွဲ့အစည်းအသီးသီးမှလှူဒါန်းထားသောကာကွယ်ဆေးများကို စုစည်းပြီး အခက်အခဲရှိသူများ၊ သံဃာများ၊

 

မသန်စွမ်းများ၊ ရောဂါ ကူးစက်နိုင်ခြေမြင့်မားသောဇုန်၊အမြင့်ဆုံးထိန်းချုပ်ဇုန်နှင့်ထိပ်သီးထိန်းချုပ်ဇုန်အသီးသီးရှိပြည်သူများကို လိုက်လံထိုးနှံ

 

ပေးလျက်ရှိသည်ဟု ဆိုသည်။

SHARE THIS NEWS

OTHER NEWS