29 April 2024

————————————–

အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁

ထိုင်းတွင်နိုင်ငံခြားခရီးသွားလုပ်ငန်း လက်ခံတော့မည့်သတင်းကြောင့် တရားမဝင် ဝင်ရောက်လာသူနေ့စဥ်ရှိနေ!!

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းဘက်ခြမ်းမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား ၁၉ ဦးကိုဖမ်းဆီးရမိခဲ့တယ်လို့ Maesaipress ကဖော်ပြထားပါတယ်။

သူတို့ကို မူ ၆ ကော့ချမ်းကျေးရွာအုပ်စု၊ မဲဆိုင်မြို့နယ် ချင်းရိုင်းခရိုင်တွင် နယ်ခြားစောင့် လုံခြုံရေးတာဝန်ခံ ကင်းလှည့်နေတဲ့ အာဏာပိုင်တွေကဖမ်းဆီးရမိခဲ့တာပါ။ ထိုင်းဝင်ရောက်ဖို့ ရှမ်းတိုင်းရင်းသူ အမျိုးသမီးတစ်ဦးကို ကုန်ကျစရိတ် ၇၀၀၀ ဘတ်ကနေ ၂၅၀၀၀ ဘတ်အထိပေးခဲ့ရပြီး၊ ဗန်ကောက်ကိုအရောက်ပို့ပေးမယ့် ကုန်ကျစရိတ်ဖြစ်တယ်လို့ ဖမ်းဆီးခြင်းခံရတဲ့ မြန်မာတစ်ဦးထံကသိရပါတယ်။

ကိုချစ် ဇွဲကပင်မြေ

ဓါတ်ပုံ – Maesaipress

SHARE THIS NEWS

OTHER NEWS