26 April 2024

————————————

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၁

 

ကင်ကယောက်လမ်းမှာရှိတဲ့ ဖိနပ်စက်ရုံမီးလောင်ကျွမ်းမှုဖြစ်ပွား၊ စက်ရုံအဆောက်အဦးနဲ့ စက်ပစ္စည်းတွေပါ မီးလောင်သွားတာကြောင့် တန်ဘိုးဘတ်သန်း ၁၀၀ ကျော်မီးထဲပါသွားပြီး၊ မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းရင်းမှာ ဝါယာရှော့ကြောင့်ဖြစ်နိုင်ဟု ကနဦးသုံးသပ်ခဲ့ကြပါတယ်။

 

 

အောက်တိုဘာ ၁၉ ရက်၊ ညတုန်းက စွယ်ကင်ကယောက် ၉/၁ လမ်း၊ ဘန်ဖရီးမြို့နယ် စမုပရာကန်ခရိုင်မှာရှိတဲ့ Wattana Footware Company Limited ဖိနပ်စက်ရုံမီးလောင်မှုဖြစ်ပွားခဲ့တတယ်လို့သိရပါတယ်။

 

 

မီးလောင်တဲ့နေရာကို မီးသတ်တပ်ဖွဲ့တွေက မီးငြိမ်းမှုဆောင်ရွက်နေစဥ် အဆောက်အအုံပြိုကျလို့ အောက်မှာအလုပ်လုပ်နေတဲ့မီးသတ်တပ်ဖွဲ့တာဝန်ခံတွေ ဒဏ်ရာတွေရသွားခဲ့တယ်လို့သိရပါတယ်။ လောင်းနေတဲ့မီးတွေကို အချိန် ၂ နာရီလောက် အောင်မြင်စွာ ငြိမ်းသတ်နိုင်ခဲ့တယ်လို့လဲ သိရှိရပါတယ်။

 

ကိုချစ် ဇွဲကပင်မြေ

Ref: pptvhd36

Photo: ข่าวสารเมืองปราการ v2

SHARE THIS NEWS

OTHER NEWS