26 April 2024

အောက်တိုဘာလ ၂၅ ရက် (ယနေ့) မနက်ပိုင်းမှာတင်ပဲ ထိုင်းနိုင်ငံကို တရားမဝင်ဝင်ရောက်ဖို့ ကြိုးစားတဲ့မြန်မာ နိုင်ငံသား ၄၈ ဦးကို ကန်ကျနဘူရီခရိုင်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။

 

 

ထိုင်းအာဏာပိုင်တွေဟာ မသင်္ကာစရာ အံစာတုံးကားတစ်စင်းကို စစ်ဆေးခဲ့ရာ ထိုင်းကိုအလုပ်လာလုပ်ရန် တရားမဝင်ခိုးဝင်လာတဲ့ မြန်မာနိုင်ငံသား ကျား ၁၀ ဦး မ ၄ ဦး နှင့် ထိုင်းယာဉ်မောင်းကို ပါဖမ်းဆီးရမိခဲ့ပါတယ်။ အားလုံးဟာ ရန်ကုန်ကလာကြတာလို့သိရပြီး တစ်ဦးလျင်ဘတ် ၂ သောင်းနှုန်းပေးပြီး စွန့်စားလာခဲ့တာဖြစ်ကြောင်း ထွက်ဆိုပါတယ်။

 

တစ်ချိန်တည်းမှာပဲ ဒေသခံတွေက စိုင်ယို့မြို့နယ် စီရီမွန်ခွန်ရွာမှာ မသင်္ကာစရာ လူတစ်စု တွေ့ရှိကြောင်း ထိုင်းရဲတပ်ဖွဲ့ကို အကြောင်းကြားလာတာကြောင့်သွားရောက်စစ်ဆေးခဲ့ရာ နောက်ထပ် မြန်မာနိုင်ငံသား ၃၄ ဦး (ကျား ၂၀ မ ၁၄ ဦး) ကို ဖမ်းဆီးရမိခဲ့တယ်လို့ သတင်းမှာဖေါ်ပြထားပါတယ်။

 

 

ဖမ်းဆီးရမိခဲ့တဲ့သူတွေအားလုံးကို ကနဦးအနေဖြင့် အဖျားတိုင်းတာကြည့်ခဲ့ရာ အဖျားကြီးတဲ့သူတစ်စုံတစ်ယောက်မှမပါခဲ့ ပါဘူး ထိုင်းရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးရမိခဲ့တဲ့သူတွေအားလုံးကို အရေးယူလုပ်ဆောင်မှုပြီးဆီးခဲ့ရင် နေရပ်ပြန်ပို့သွားမှာ ဖြစ်တယ်လို့ပြောခဲ့ပါတယ်။

 

ขอบคุณภาพจาก posttoday

SHARE THIS NEWS

OTHER NEWS