5 May 2024

,

ဓာတ်ပုံ Newcastle United

အောက်တိုဘာ ၂၀ ရက်၊ ၂၀၂၁

နယူးကာဆယ်အသင်းကို အသင်းပိုင်ရှင်နှင့်သက်ဆိုင်မှုရှိသည့် ကုမ္ပဏီများနှင့်စပွန်ဆာစာချုပ်ချုပ်ဆိုခွင့် ခေတ္တရပ်ဆိုင်းထားရန် အင်္ဂလိပ်ပရီးမီးယားလိဂ် ၁၈ သင်းကန့်ကွက်။

နယူးကာဆယ်အသင်းကို ဆော်ဒီမင်းသားဦးစီးသည့် ဆော်ဒီရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစုမှ ပြီးခဲ့သည့် ရက်ပိုင်းကဝယ်ယူလိုက်ပြီးနောက် အသင်းပိုင်ရှင်၏ကုမ္ပဏီများနှင့်တန်ဖိုးကြီးမားသည့်စပွန်ဆာစာချုပ်များချုပ်ဆိုလာမည်ကိုစိုးရိမ်၍ ပရီးမီးယားလိဂ် ၁၈ သင်းက ပြီးခဲ့သည့် တနင်္လာနေ့အရေးပေါ်အစည်းအဝေးတွင် တစ်သံတည်းမဲပေးကန့်ကွက်ခဲ့ကြသည်ဟု PPTV36 သတင်းဌာနမှဖော်ပြထားသည်။

အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်းကို ၁ လကြာရပ်ဆိုင်းထားရန် ပရီးမီးယားလိဂ် ၁၈ သင်းကမဲပေးထောက်ခံခဲ့ပြီး အပြီးတိုင်စည်းကမ်းပြောင်းလဲခြင်းများပြုလုပ်ရန်ကိုလည်း ဆွေးနွေးခဲ့ကြသည်ဟု Sky Sport သတင်းဌာနကဖော်ပြထားသည်။

၎င်းအဆိုပြုချက်အပေါ် နယူးကာဆယ်အသင်းကကန့်ကွက်မဲပေးခဲ့ပြီး မန်ချက်စတာ စီးတီးအသင်းကစည်းကမ်းအရ မဲပေးဖို့ငြင်းပယ်ခဲ့သည်ဟု ဆိုသည်။

နယူးကာဆယ်အသင်းကို ဆိုင်းလွတ်ဗုံလွတ်အရောင်းအဝယ်စာချုပ်ချုပ်ဆိုခွင့်ပြုလျှင် ပုံမှန်ထက်ငွေသုံးစွဲမှုရှိလာနိုင်ပြီး ပရီးမီးယားလိဂ်စည်းကမ်းကိုချိုးဖောက်ရာရောက်မည်ဟု ဆိုသည်။ ပရီးမီးယားလိဂ်၏ Financial Fair Play စည်းကမ်းအရ ကလပ်အသင်းများကို ဘတ်ဂျက်နှစ် ၃ နှစ်အတွင်း ပေါင် ၁၀၅ သန်းအထိအရှုံးပေါ်ခွင့်ပြုထားသည်။

သတင်း ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS