26 April 2024

အတောမသတ်နိုင်သေးသည့်ကိုဗစ်-၁၉ ရိုက်ခတ်မှုကြောင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များကို အရှိန်မြှင့်တင်လုပ်ဆောင်နေသော်လည်း ထိုင်းစွမ်းအားဖြည့်အချိုရည်လုပ်ငန်းကြီး ၃ ခုရောင်းအားဆက်လက်ကျဆင်း။

 

ထိုင်းနိုင်ငံတွင်ကိုဗစ်-၁၉ ကပ်ဘေးနှင့်ရင်ဆိုင်ရသည့်အချိန်မှစ၍ ပြည်တွင်းစွမ်းအားဖြည့်အချိုရည်လုပ်ငန်းကြီး ၃ ခုက ငွေအလုံးအရင်းအသုံးပြုပြီး အရောင်းမြှင့်တင်ရေးအစီအစဉ်များကိုအရှိန်မြှင့်တင်ပြီးတောက်လျှောက်လုပ်ဆောင်ခဲ့သော်လည်း ရောင်းအားကျဆင်းနေဆဲဖြစ်ပြီး စွမ်းအားဖြည့်အချိုရည်ဈေးကွက်ပြန်လည်ဦးမော့လာခြင်းမရှိသေးဟု ပရာချာချတ် ထုရကစ်သတင်းဌာနမှဖော်ပြထားသည်။

 

ထိုင်းပြည်တွင်းစွမ်းအားဖြည့်အချိုရည်လုပ်ငန်းကြီး ၃ ခုက ငွေအလုံးအရင်းအသုံးပြုပြီး ဘတ် ၃၀ ဘီလျံအထိတန်ဖိုးကြီးမားသည့် ဈေးကွက်ဝေစုကိုအပြိုင်အဆိုင်လုယက်ကြသည်ဟု ဆိုသည်။

 

“ဒီနှစ်ဟာ စွမ်းအားဖြည့်အချိုရည်ဈေးကွက်အတွက် အင်မတန်စိန်ခေါ်မှုကြီးမားတဲ့နှစ်ဖြစ်တယ်” ဟု အိုစွတ်စဖာ အများပိုင်းကုမ္ပဏီ လီမိတက် ဉက္ကဋ္ဌ ဝန်နိဖာ ဖတ်ဒီဘွတ် ကဆိုသည်။

အထူးသဖြင့် ယခင်ကထက်ပိုမိုပြင်းထန်သည့် ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ခရိုင်တော်တော်များများတွင်လော့ခ်ဒေါင်းချထားရ၍ စွမ်းအားဖြည့်အချိုရည်ဈေးကွက်ကို ထိခိုက်မှုရှိခဲ့သည်ဟု သူမက ဆက် လက်ပြောကြားသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS