28 April 2024

,

လွန်ခဲ့တဲ့ ၁၁ ရက်နေ့ ၁၀ လပိုင်း ၂၀၂၁ က ကဖယ်ဖစ်မြို့ ဘန်နွန်ကျော့ ရှိ အိမ်နံပါတ် 86/1 တွင်နေထိုင် သူ နမ်နဖာ နွန်မာ အိမ်ပိုင်ရှင်က ဆိတ်နို့ငှက်ပျောပင် ထိပ်ကနေထွက်လာတဲ့ ငှက်ပျောဖီး ၅ ဖီး ၊ အလုံးကို ရေတွက်တဲ့အခါ ၈၃ လုံးရှိပြီး ငှက်ပျောခိုင်ကတော့တစ်ခိုင်တည်းထွက်ပြီး နဂါးခေါင်းကဲ့သို့ ထွက်နေတာကို တွေ့ရှိခဲ့ပြီး အိမ်နီးနားချင်းတွေက သတင်းကြားကြားချင်း လာရောက်ကြည့်ကြပါတယ်၊

နမ်နဖာ ကနေပြီးတော့ပြောရာ ဒီလိုမျိုး ထွက်လာတာ ၁နှစ်ကျော်လောက်စောင့်ရတယ်။ ဒီလိုမျိုးဆန်းကြယ်တာကို တစ်ခါမှလဲ မတွေ့ဖူးဘူး။ ကိုယ်တိုင်ကိုယ်ကျစိုက်ပျိုးထားတဲ့အတွက် အခုလို ဆန်းကြယ်မှုကို ဘဝမှာ ဒါပထမဦးဆုံးပဲ့။ ဒီလိုဆန်းကြယ်တာကလဲ ကံကောင်းခြင်းတွေ အတွက်ပဲ့။ အဲ့ဒါကြောင့် ထီခေါ်အမွှေးတိုင်ထွန်းကာဆုတောင်းပြီး အမွှေးတိုင်မှရလာတဲ့ ဂဏန်ကတော့ 966 ဖြစ်ပြီး ဒီဂဏန်းကိုတော့ ကံဇာတာစမ်းဖို့အတွက်သိမ်းထားအုံးမယ်။ စမ်းဖြစ်လား မစမ်းဖြစ်လားဆိုတာ ကို အတိအကျမသိသေးဘူး။ ထီထွက်ခါနီးမှပဲ ဆုံးဖြတ်ချက်ချတော့မယ်။

SHARE THIS NEWS

OTHER NEWS