26 April 2024

,

သွေးအမျိုးအစားနဲ့တည့်တဲ့ အစားအစာတွေစားပေးခြင်းအားဖြင့် ခန္ဓာကိုယ်က အဟာရဓာတ်အပြည့်အဝ ရရှိစေနိုင် တယ်ဆိုတာ ကို အားလုံးလည်းသိထားကြမှာပါ။

ဒါဆို သင့်ရဲ့သွေးအမျိုးအစားနဲ့လိုက်ဖက်တဲ့ အစားအစာတွေက ဘာတွေလဲ ? ဘယ်လိုအစားအစာတွေကို စားသင့်သလဲ ‌ရှောင်သင့်လဲဆိုတာ သွားကြည့်လိုက်ကြရအောင်

A သွေးအမျိုးအစား

A သွေးကိုပိုင်ဆိုင်ထားကြရတဲ့သူတွေက အစာချေစနစ်သိပ်မကောင်းကြပါဘူး ဒါကြောင့် အသား ထက် ငါးစားသုံးပေးခြင်းက ပိုပြီးသင့်လျော်ပါတယ်။ ပရိုတန်းကြွယ်တဲ့ငါးတွေဖြစ်တဲ့ ပလာတူး၊ ဆယ်လမွန်၊ ကကတစ်ငါးတွေကိုစားသုံးပေးသင့်ပါတယ်။ နွားနို့အစား ပဲနို့သောက်ပေးပါ။ အမျှင်ဓာတ်ကြွယ်တဲ့ အသီးအရွက်တွေကို ပိုပြီး စားသုံးပေးပါ။ အသီးအနှံတွေမှာဆိုရင် သင်္ဘောသီးနှင့် လိမ္မော်သီးက အစာအိမ်ကိုယားယံခြင်းတို့ဖြစ်ပေါ်စေနိုင်တာကြောင့် ရှောင်သင့်ပါတယ်။ ကော်ဖီကြိုက်တတ်တဲ့ A ‌သွေးပိုင်ရှင်တွေအနေနဲ့ တစ်နေ့မှာ ကော်ဖီ ၁ ခွက်ထက်ပိုမသောက်သင့်ပါဘူးနော်…

B သွေးအမျိုးအစား

B သွေးအမျိုးအစားကို ပိုင်ဆိုင်ထားကြတဲ့သူတွေက အစားအသောက်နဲ့ပတ်သက်လို့ သိပ်မတည့်တာမရှိတာကြောင့် မျိုးစုံစားသောက်နိုင်ပါတယ်။ ကြက်သား၊ ငါး၊ ပုဇွန်၊ ကင်းမွန်၊ နို့၊ ဒိန်ချဉ်နဲ့ ဥ တို့ကိုတော့ ချိန်ဆပြီး စားသုံးပါ။ ပေါင်းဆန်ကို စားသုံးပေးပါ၊ ဂျုံမှုန့်နှင့်မြေပဲတို့က သင့်ရဲ့ဇီဝဖြစ်တည်မှုအတွက် မကောင်းတာကြောင့် ရှောက်ကြဉ်ပါ၊  မဂ္ဂနီဆီယမ်ဓာတ်မြင့်မားတဲ့ အစိမ်းရောင် အသီးအရွက်များကိုစားသုံးပေးပါ။ အသီးအနှံမျိုးစုံစားသုံးနိုင်ပါတယ်။ ဒါပေမယ့် အချိုဓာတ်မြင့်တဲ့ အသီးအနှံတွေကို ရှောင်ပါ ဒါမှမဟုတ်လျှော့စားပါ။ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ဖယ်ရှားနိုင်ရန် ဂျင်းပြုတ်ရည်၊ လက်ဖက်စိမ်းရည်၊ နှင့် ပူစီနံအရွက်တို့ကို များများစားသုံးပေးပါ။

O သွေးအမျိုးအစား

O သွေးအမျိုးအစားအမျိုးအစားပိုင်ဆိုင်ထားကြရတဲ့သူတွေက အစာအိမ်မှာ အက်ဆစ်ဓာတ်အလွန်များပါတယ်။ အစာချေစနစ်သိပ်မကောင်းကြတာကြောင့် အဝလွယ်ပါတယ်။ ငါး၊ ပုဇွန်၊ ဂဏန်း စတဲ့အဆီဓာတ်သိပ်မပါတဲ့ အစားအစာတွေကို စားဖို့သင့်လျော်ပါတယ်။ o သွေးအမျိုးအစားအတွက် အကျိုးရှိတဲ့ ဟင်းသီးဟင်းရွက်များကတော့ ကိုက်လန်၊ ဘရိုကိုလီ၊ မုန်လာဥနီ၊ ပန်းဂေါ်ဖီတို့ဖြစ်ပြီး သိုင်းရွိုက်၏ လုပ်ငန်းဆောင်မှုစနစ်ကို အနှောင့်အယှက်ပေးနိုင်တဲ့

 ဂေါ်ဖီထုပ်ကိုတော့မစားသုံးဖို့ အကြံပြုပါတယ်။ အသီးအနှံတွေအနေနဲ့အက်ဆစ်ဓာတ်ကိုဖြေလျော့ပေးနိုင်တဲ့ ဘယ်ရီအသီးတွေကိုစားသုံးပေးသင့်ပါတယ်။  ကော်ဖီ၊ ဘီယာနှင့် လက်ဖက်ရည်ကြမ်းသောက်သုံးတာကို ရှောင်ရှားသင့်ပါတယ်။

AB သွေးအမျိုးအစား

AB သွေးဟာ ပေါင်းစပ်ထားတဲ့သွေးအမျိုးအစားဖြစ်တာကြောင့် အသားငါးစားသုံးတဲ့အခါမှာ ဒီနေ့အသားဆို နောက်နေ့ငါး စားသုံးပေးသင့်ပါတယ်။ အကြံပြုရမယ်ဆိုရင်တော့ ငါးကခန္ဓာကိုယ်အတွက် အကျိုးဖြစ်စေတာကြောင့် အသားကို လျှော့ပြီး ငါးကိုများများစားသုံးပေးသင့်ပါတယ်။ ပဲနှင့်ပတ်သက်တဲ့ထုတ်ကုန်တွေကို များများစားသုံးပေးသင့်ပါတယ်။ ကော်ဖီကို တစ်ခွက်ထက်ပိုမသောက်သင့်ပါဘူးနော်…

အစားအ‌သောက်နဲ့ပတ်သက်လို့ ခန္ဓာကိုယ်က လိုအပ်တဲ့ပမာဏခန့်သာစားသုံး‌ပေးသင့်ပါတယ်နော်။ သင့်လျော်သလောက်စားသုံးပြီးရင်လည်း လုံလောက်တဲ့အနားယူမှု နှင့် လေ့ကျင့်ခန်းကို အစဉ်အမြဲလုပ်ပေးဖို့လိုပါတယ်နော်။

အချက်အလက်များအတွက်ကျေးဇူးတင်ပါသည်  – www.paolohospital.com

SHARE THIS NEWS

OTHER NEWS