26 April 2024

,

နခွန်ပထုမ်ခရိုင်ရှိ ဝက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးဟာ ၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့က ဘယ်သူ့မှ ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးတဲ့ အချက်အလက်များနှင့် ခြံထဲမှာ ဝက်သေကောင်တွေကို မြေမြှပ်စရာ နေရာမရှိတော့တာကြောင့် ရာဝင်အိုးကြီးတွေနဲ့ ဝက်သေကောင် တွေကိုသိပ်ထည့်ထားခဲ့ရတဲ့ ဖြစ်ရပ်ကို မီဒီယာတွေက တစ်ဆင့် ချပြခဲ့ပါတယ်။

သူ့ခြံထဲမှာမွေးတဲ့သားဖောက်ဝက်တွေဟာ နိုင်ငံခြားကဝယ်လာတဲ့ ဝက်တွေဖြစ်ပြီး သာမန်ဝက်တွေထက် သန်မာတယ်လို့ဆိုပါတယ်။ ဒါမေပယ့် လက်ရှိမှာ အာဖရိကဝက်အပြင်းဖျားရောဂါ (ASF) ကြောင့် သူ့ရဲ့ခြံထဲမှာ ဝက်အကောင်ရေ ၃၀ ခန့်မျှသာကျန်ပြီး ဝက်အကောင်ရေ ၅၀၀ နီးပါး ကာလတန်ဖိုးအားဖြင့် ဘတ် သန်း ၃၀ ခန့် ဆုံးရှုံးခဲ့ရတယ်လို့ဆိုပါတယ်။ ထပ်မံပြီး ၎င်းက လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကပင် ထိုင်းနိုင်ငံ အနှံ့အပြားက ဝက်မွေးမြူ ရေးခြံတွေမှာ အကြောင်းအရင်းမသိရဘဲ ဝက်သေဆုံးမှုတွေ ရှိနေခဲ့တာဖြစ်တယ် လို့ဆိုပါတယ်။

 ထိုင်းနိုင်ငံတွင်းဝက်ရှားပါးပြီး ဝက်သားတစ်ကီလို ဘတ် ၂၅၀ မှ ၃၀၀ ထိ (နေရာဒေသအလိုက် ဈေးကွာဟမှုရှိနိုင်သည်) ရောက်တော့မှ မွေးမြူရေးဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနက ဝက်ရှားပါးမှုပြဿနာကို ဖြေရှင်းပေးမယ်ဆိုတာဟာ အပေါ်ရန်ဖြေရှင်းနည်းသာဖြစ်တယ်လို့ ၎င်းကပြောပါတယ်။ ထိုင်းအစိုးရအနေနဲ့ ပြဿနာကိုဇစ်မြစ်ကဖြေရှင်းခဲ့ရင် မွေးမြူရေးခြံပိုင်ရှင်တွေအနေနဲ့ ဒီလောက်ထိ ဒုက္ခရောက်မှာမဟုတ်ဘူး လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက ဝက်တွေမှာရောဂါကူးစက်ခံနေရတာကို ဘာဖြစ်လို့ သတင်းဖုံးဖိထားရတာလဲလို့ သတင်းသမားတွေကမေးတဲ့အခါမှာ “မွေးမြူရေးခြံပိုင်ရှင်တွေက ပြောမရဲကြဘူး အစိုးရသိသွားခဲ့ရင် ပြဿနာကို မှန်ကန်တဲ့နည်းလမ်းနဲ့ဖြေရှင်းတာမှမဟုတ်တာ ကျွန်တော်တို့ရဲ့မွေးမြူရေးခြံတွေကို ချက်ချင်းပိတ်မယ် ခြံပိတ်တာနဲ့တင် ဝက်တွေက သေဖို့အလားအလာများနေပါပြီ တကယ်လို့ ခြံထဲမှာ ဝက်အကောင်ရေ ၁,၀၀၀ မွေးထားတယ်ဆိုပါစို့ ရောဂါဖြစ်တဲ့ဝက် ၁၀၀ လောက်တွေ့ခဲ့ရင် အစိုးရက ခွဲမထုတ်ဘဲ အကုန်လုံးကိုရောပြီး ခြံကိုပိတ်လိုက်မှာ ဒါ့ကြောင့် မွေးမြူရေးခြံပိုင်ရှင်တွေက ရွေးချယ်စရာမရှိပါဘူး ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရောဂါကြောင့်သေတဲ့ဝက်တွေကို ခွဲပြီး ဈေးကွက်ထဲပို့ရတာဖြစ်တယ်” လို့ ဝက်မွေးမြူရေးခြံပိုင်ရှင်ကဖြေပါတယ်။

သတင်းသမားတွေကို အင်တာဗျူးဖြေဆိုပြီး အချက်အလက်တွေချပြအပြီး မွေးမြူရေးခြံပိုင်ရှင်ဟာ ဖုန်းဖြင့်အသက် အန္တရာယ်ခြိမ်းခြောက်မှုတွေနဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS