10 May 2024

ဓာတ်ပုံ Manager Online

 

အောက်တိုဘာ ၁၄ ရက်၊ ၂၀၂၁

 

ထိုင်းအမျိုးသမီးများကို ဘာရိန်းနိုင်ငံရှိ စပါအနှိပ်ခန်းတွင် အလုပ်လုပ်ရန် ဖျားယောင်းသွေးဆောင်ပြီး အဓမ္မပြည့်တန်ဆာလုပ်ခိုင်းသည့် ထိုင်းပြည့်တန်ဆာခေါင်းကို ထိုင်းလူကုန်တားရဲတပ်ဖွဲ့ဖမ်းဆီး။

 

မြို့တော်ဗန်ကောက်တောင်ဘက်ရှိ စမွတ်ပရာကန်ခရိုင်၊ ဗျသမုဒ်စေတီမြို့နယ်၊ နာကလူယာကျေးရွာအုပ်စုတွင်နေထိုင်သော ဝါ့စနား မီကျန် အသက် ၅၄ ကို “ပြည့်တန်ဆာလုပ်ငန်းမှအကျိုးစီးပွားရှာဖွေခြင်းဖြင့်လူကုန်ကူးမှု၊ လူကုန်ကူးရန်စည်းရုံးသိမ်းသွင်းမှု၊ အဓမ္မပြည့်တန်ဆာလုပ်ခိုင်းရန်ချုပ်နှောင်ထား မှု” စသည့်ပြစ်မှုများဖြင့် ထိုင်းနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ယနေ့မနက်တွင်ဖမ်းဆီး လိုက်သည်ဟု ထုတ်ပြန်သည်။

 

 

အဆိုပါအမျိုးသမီးသည် ထိုင်းအမျိုးသမီးများအား ဘာရိန်းနိုင်ငံရှိစပါအနှိပ်ခန်းတွင်အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊ တစ်လလျှင် ဘတ် ၅ သောင်း မှ ၇ သောင်းအထိဝင်ငွေရှိမည်ဖြစ်ကြောင်း စည်းရုံးသိမ်းသွင်းပြီးရောက်ရှိသွားသည့်အခါ အခန်းထဲတွင်ချည်နှောင်ထားပြီး လေယာဉ်လက်မှတ်ခနှင့်အကျိုးဆောင်ခအတွက် အတင်းအကျပ်ပြည့်တန်ဆာလုပ်ခိုင်းကာ ၅၀% ဖြတ်ယူကြောင်း နောက်ဆုံးတွင်နစ်နာသူများကပဝီနာဖောင်ဒေးရှင်းသို့တိုင်တန်းလာ၍ ဖမ်းဆီးနိုင်ခဲ့ကြောင်း လူကုန်တားရဲတပ်ဖွဲ့ကဆိုသည်။

ကနဦးတွင် အမျိုးသမီးများကိုနိုင်ငံခြားသို့အလုပ်သွားလုပ်ရန်စည်းရုံးခဲ့သည်ဟုဝန်ခံထားသော်လည်းအတင်းအကျပ်ပြည့်တန်ဆာလုပ်ခိုင်းခြင်းမရှိဟုငြင်းဆိုထားသည်။ မည်သို့ဆိုစေ အဆိုပါအမျိုးသမီး သည်ထိုင်းအမျိုးသမီးဦးရေမည်မျှကို နိုင်ငံခြားသို့လိမ်လည်ခေါ်ဆောင်ခဲ့သည်ကို ရဲတပ်ဖွဲ့မှဆက်လက်စုံစမ်းမှုများပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းလူကုန်ကူးဂိုဏ်းသည် ထိုင်းအမျိုးသမီးများကို အခြားနိုင်ငံများသို့လည်းလိမ်လည်ပို့ဆောင်မှုများရှိနေသည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS