13 May 2024

ဗန်ကောက်မြို့ ရတ်ချာဒါ (Ratchada) လမ်းမဘေးမှာရှိတဲ့ ဆောက်လုပ်ရေးဆိုဒ်ထဲက အလုပ်သမား ၁၀ ဦီးကျော်မှာ ကိုဗစ်ကူးစက်ခံနေရပြီး။ အကူအညီတွေမရကြသေးဘူးဆိုလို့ Zendai အဖွဲ့ကသွားရောက်ကူညီမှုတွေပေးခဲ့တယ်ဟု ဖေ့ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။ ဆောက်လုပ်ရေးဆိုက်ထဲမှာတော့ အလုပ်သမား ၃၀ ဦီးလောက်ရှိတယ်လို့ အလုပ်သမားခေါင်းဆောင်ကပြောပါတယ်။ ကိုဗစ်ကူးစက်ခံရတဲ့အလုပ်သမား ၃ ဦီးကတော့ ကုသခွင့်ရသွားပြီ၊ ၁၆ ဦီးကတော့ ကုသခွင့်မရကြသေးပါဘူး။ သူ့အနေနဲ့ကျန်းမာရေးဌာနတွေနဲ့ချိတ်ဆက်ထားပါတယ်ဟု ဆောက်လုပ်ရေးဆိုက်ထဲက အလုပ်သမားခေါင်းဆောင်ကပြောပါတယ်။

 

 

မြန်မာလုပ်သားတစ်ဦီးကတော့ ဝေဒနာတွေပြင်းထန်စွာခံစားနေရပါတယ်။ Zendai အဖွဲ့သွားရောက်ပြီး ကနဦးစစ်ကြည့်လိုက်တော့ လူနာဟာ အောက်စီဂျင် ၆၅ နဲ့ ကိုယ်ပူချိန်က ၃၇.၁ အထိရှိနေပါတယ်။ ပါလာတဲ့ အောက်စီဂျင်ကိုတပ်ဆင်ပေးခဲ့တယ်ဟု Zendai အဖွဲ့ရဲ့ဖေ့ဘွတ်စာမျက်နှာမှာဖော်ပြထားပါတယ်။

 

 

ဆက်လက်ပြီး သူတို့တွေသွားရောက်ကူညီမှုတွေပေးတဲ့နေရာမှာ ကိုဗစ်လူနာတွေရဲ့အခြေအနေက အရေးပေါ်ကုသမှုတွေလိုအပ်နေတယ်။ အချိန်မရွေးသေဆုံးမှုရှိလာနိုင်တဲ့ လူနာတွေကြီးပါပဲဟု Zendai အွန်လိုင်းစာမျက်နှာမှာဖော်ပြထားပါတယ်။

#ကိုချစ်ဇွဲကပင်မြေ Ref: #เส้นด้าย Thai/News

 

 

SHARE THIS NEWS

OTHER NEWS