26 April 2024

,

ယေဘုယျအားဖြင့် ကျန်းမာတဲ့သူတွေထံမှာလည်း နှာရည်အနည်းငယ်ရှိလေ့ရှိပါတယ်။ ဒါပေမယ့်လို့ခန္ဓာကိုယ်က တံတွေးနဲ့ရောနှောပြီး ရှင်းလင်းပေးတာကြောင့် သတိမပြုမိကြတာပါ။ နှာရည်ရဲ့အရောင်အဆင်းကိုကြည့်ခြင်းအား ဖြင့်လည်း ခန္ဓာကိုယ်အတွင်းပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုကိုပြောနိုင်ပါတယ်။

– နှာရည်အကြည် 

နှာရည်အကြည်က ကျန်းမာရေးကောင်းခြင်း၏ ခက္ခဏာတစ်ခုဖြစ်သော်လည်း အမြဲတမ်းအတွက်တော့ မဟုတ်ပါဘူး။ နှာရည်အကြည်ထွက်ရခြင်းက လေထုညစ်ညမ်းတာကြောင့်ဖြစ်ပြီး နှာချေခြင်း၊ လည်ချောင်းယားယံခြင်းတို့ ဖြစ်ပါက နေမကောင်းခြင်းရဲ့ အစလို့ဆိုနိုင်ပါတယ်။

– နှာရည်အဖြူရောင်

အအေးမိခြင်းလက္ခဏာဖြစ်ပါတယ်။ အဖျားရှိတဲ့အခါကျရင်  နှာခေါင်းတွင်းရှိ အမြှေးပါးရောင်ရမ်းလာပြီး နှာစေးကာ အဖြူရောင်နှာရည်ထွက်လေ့ရှိပါတယ်။

– နှာရည်အဝါသို့မဟုတ်အစိမ်း

နှာရည်အစမ်းရောင် သို့မဟုတ်အဝါရောင်ဖြစ်ပြီး နှာစေးနေပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲ ခုခံအားက အပြင်ကဝင်ရောက်လာတဲ့ ဗိုင်းရပ်စ်အချို့နဲ့ တိုက်ခိုက်နေပြီလို့ ထင်မှတ်နိုင်ပါတယ်။

– နှာရည်အနီရောင်သို့မဟုတ်အညိုရောင်

နှာခေါင်းအတွင်းပိုင်းကနာနေပြီး လက်နှဲ့ထိုးနှိုက်ခြင်း ပြုလုပ်ရင် ဖြစ်တတ်တဲ့ လက္ခဏာဖြစ်ပါတယ်။ လက်နဲ့ထိုးနှိုက်ခြင်း မပြုလုပ်ဘဲနဲ့ အညိုရောင် နှာရည်ထွက်နေတယ်ဆိုရင်တော့ အရမ်းပြင်းတဲ့အနံ့တွေရှုရှိုက်မိလို့ ဖြစ်တာ ဖြစ်နိုင်ပါတယ်။

– အမည်းရောင်နှာရည် 

အမည်းရောင်တွေရောယှက်ပြီး နာရေထဲမှာ ပါလာပြီဆိုရင်တော့ အမှုန်တွေ ရှုရှိုက်မိတာကြောင့် ဖြစ်နိုင်တယ်။ ဆေးလိပ်သောက်တဲ့သူအများစုမှာတွေ့ရလေ့ရှိပါတယ်။ အမည်းရောင်တွေရောယှက်ပြီးနာစေးနေတယ်ဆိုရင်တော့ နှာခေါင်းစည်းတပ်ဆင်ဖို့လိုတယ်နော်။

နှာရည်ကပြောတဲ့ ကျန်းမာရေးကတော့ အနည်းအကျဉ်းလောက်သာ မှန်ကန်နိုင်မှာပါ တိကျ မှန်ကန်စွာနဲ့ အမြန်ပျောက်ကင်းချင်တယ်ဆိုရင်တော့ ဆရာဝန်ဆီအမြန်ဆုံးသွားဖို့လိုတယ်နော်။

SHARE THIS NEWS

OTHER NEWS