10 May 2024

ဩဂုတ် ၂ ရက်၊ ၂၀၂၁

 

ပထုံဌာနီခရိုင်တွင် နေထိုင်လုပ်ကိုင်သည့် ကရင်ဇနီးမောင်နှံ ထိုင်းထီဘတ် ၁၂ သန်းကံထူး။

 

ထိုင်းနိုင်ငံ မြို့တော်ဗန်ကောက်အနီး ပထုံဌာနီခရိုင် ဘန်းပအင်မြို့နယ်တွင် နေထိုင်လုပ်ကိုင်လျက်ရှိသည့်ကရင်ဇနီးမောင်နှံသည် ပြီးခဲ့သည့်

စက်တင်ဘာ ၁ ရက်နေ့တွင် ထိုင်းထီ ၂ စောင်တွဲ ဘတ် ၁၂ သန်း ကံထူးခဲ့သည်ဟုHla Khaing လူမှုကွန်ရက်အကောင့်တွင် ဖော်ပြထားသည်။

 

ကံထူးရှင်ကိုင်ဆောင်ထားသော စီအိုင်စာအုပ်သည် ပြီးခဲ့သည့် ၃၁-၃-၂၀၂၁ ရက်နေ့တွင်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်၍ လုံခြုံရေးအရရဲစခန်းထံ

အသိပေးထားပြီး ထီဆုငွေများကိုအမြန်ဆုံးထုတ်ယူနိုင်ရန် အေအေစီ မဟာမိတ်အဖွဲ့မှကူညီပေးနေသည်ဟု ဖော်ပြထားသည်။

 

ကံထူးရှင်မှ အေအေစီမဟာမိတ်အဖွဲ့ထံလာရောက်အကူအညီတောင်းသဖြင့် အေအေစီမှ ကိုယ်စားလှယ်အာဏာဖြင့်ထီဆုငွေထုတ်ပေးနိုင်

ရန်ကြိုးပမ်းနေသည်ဟု ဆိုသည်။

 

ထီကံထူးသောမြန်မာလုပ်သားများအနေဖြင့် အထောက်အထားပြည့်စုံခြင်းမရှိလျင် ထီစာရွက်ပေါ်လက်မှတ်ထိုးခြင်း၊ လုံခြုံရေးအရရဲစခန်း

ထံအကြောင်းကြားခြင်းများကို ပြုလုပ်လိုသည့်အခါ တတ်ကျွမ်းနားလည်သူများကိုဦးစွာတိုင်ပင်ရန် အကြံပေးထားသည်။

SHARE THIS NEWS

OTHER NEWS