26 April 2024

South China Morning Post သတင်းဌာနက ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်က တရုတ်နိုင်ငံရဲ့ထိပ်တန်းသက္ကသိုလ် တစ်ခုရဲ့ အဆောင်မီးလောင်ပြီး ဓာတ်ခွဲခန်းပေါက်ခွဲမှုဖြစ်စဉ် ဖြစ်ပွားခဲ့တယ်လို့ အစီအရင်ခံပါတယ်။

 

 

အောက်တိုဘာလ ၂၄ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်က တရုတ်နိုင်ငံ ကျန်ဆူပြည်နယ် နန်းကျင်းမြို့ရှိ လေကြောင်းနှင့် အာကာသယာဉ်သိပ္ပံ တက္ကသိုလ်ရှိအဆောင်တစ်ခုမီးလောင်ပြီး တက္ကသိုလ်အတွင်းက ဓာတ်ခွဲခန်းပေါက်ကွဲမှုဖြစ်ပွား ခဲ့ပါတယ်။

 

အဆောင်မီးလောင်မှုဖြစ်စဉ် ဗီဒီယိုဟာ ချက်ချင်းလို အွန်းလိုင်းပေါ်မှာပြန့်နှံ့ခဲ့ပြီး မျှဝေသူအများအပြားရှိခဲ့ပါတယ်။ အဲဒီနောက် အဆောင်ပေါ်မှာရှိနေတဲ့ လူတစ်စုက မီးငြိမ်းသတ်ရန်ကြိုးစားနေစဉ် ဓာတ်ခွဲခန်းထပ်မံပေါက်ကွဲခဲ့လို့ ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရရှိခဲ့တာပါ။

 

 

တာဝန်ရှိသူတွေကတော့ ဓာတ်ခွဲခန်းပေါက်ကွဲမှုဖြစ်ရတဲ့အကြောင်းအရင်းကို သိနိုင်ဖို့ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။

 

မီးလောင်ကျွမ်းမှုဖြစ်ခဲ့တဲ့ Nanjing University of Aeronautics and Astronautics တက္ကသိုလ်ဟာ တရုတ်နိုင်ငံရှိ သိပ္ပံသုတေသန တက္ကသိုလ်များအနက်မှအရေးပါတဲ့ တက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ ခေတ်မီအာကာသနည်းပညာနှင့် တရုတ်နိုင်ငံ၏စစ်ဘက်ကာကွယ်ရေးသုတေသနအတွက် အရေးပါတဲ့ တက္ကသိုလ်တစ်ခုဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS