29 April 2024

,

တက်ဆင် ထိုင်းပြန်လာမယ့် အိပ်မက်ဂဏန်း
.
ဇူလိုင် ၂၈ ရက်၊ ၂၀၂၃
.
ဒူဘိုင်းရောက်နေပေမဲ့ ထိုင်းနိုင်ငံရေးအပေါ်မှာ ဩဇာလွှမ်းမိုးမှုရှိနေသေးတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ထိုင်းပြန်လာမယ့်သတင်းနဲ့ပတ်သက်ပြီး ထိုင်းလူထုကြားမှာ ထင်ကြေးအမျိုးမျိုး ပေးခံထား ရပါတယ်။
.
ဒီဂယက်နဲ့ပတ်သက်ပြီးတော့ အိပ်မက်အတိတ်နိမိတ်အပေါ်မှာ ယုံကြည်မှုကြီးမားနေဆဲဖြစ်တဲ့ ထိုင်းလူမှုအသိုက်အဝန်းအတွက် “တက်ဆင်ထိုင်းပြန်လာမယ်” မြင်မက်ခဲ့ရင် အကျိုးပေးမယ့် ဂဏန်းတွေကို နာမည်ကြီးအိပ်မက်ကျမ်းဝဘ်ဆိုက်တခုက ဟောကိန်းထုတ်ခဲ့ပါတယ်။
.
တက်ဆင်ထိုင်းပြန်လာမယ်လို့ မြင်မက်တဲ့သူဟာ အသက်အရွယ်ကြီးသူတွေထံကနေ လာဘ်ဝင်မယ်လို့ ဟောကိန်းထုတ်ထားပြီး အကျိုးပေးမယ့်ဂဏန်းတွေကတော့ “၁၊ ၃၊ ၅၊ ၈” လို့ ဖော်ပြထားပါတယ်။
.
ဒါ့အပြင် ဒုတိယအကျိုးပေးမယ့်ဂဏန်းတွေကတော့ “၃၂၊ ၃၉၊ ၅၄၊ ၆၀၊ ၇၁” စတဲ့ ၂ လုံးတွဲဂဏန်းတွေ ကို ဟောကိန်းထုတ်ထားပါတယ်။
.
လာမယ့် ၃၁-၇-၂၀၂၃ ရက်နေ့မှာ ထိုင်းထီဆု ကြေညာမှာ ဖြစ်ပါတယ်။
.
ဂဏန်းကောင်းတွေစုစည်းထားတဲ့ “ကံပွင့်” ပေ့ချ်
Like & Share များများလုပ်ပြီးအားပေးလိုက်ကြရအောင်

SHARE THIS NEWS

OTHER NEWS