26 April 2024

,

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်ကောင်းမာန် ထိုင်းလိဂ်(၂) အသင်းတစ်သင်းဖြစ်တဲ့ ဉဒွန်ဌာနီအသင်းထံ ရာသီဝက်စာချုပ်နဲ့ပြောင်းရွှေ့။

မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်ကောင်းမာန်ကို ရာသီဝက်စာချုပ်နဲ့ခေါ်ယူလိုက်တယ်လို့ ထိုင်းလိဂ် (၂) အသင်းတစ်သင်းဖြစ်တဲ့ ဉဒွန်ဌာနီအက်ဖ်စီအသင်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာ တရားဝင်ဖော်ပြထားပါတယ်။

အသက် ၂၃ နှစ်သာရှိသေးတဲ့ တိုက်စစ်မှူးကို ထိုင်းလိဂ်(၂) ဒုတိယရာသီဝက်မှာ အားပေးကြဖို့ကိုလည်းဖိတ်ခေါ်ထားပါတယ်။

ဉဒွန်ဌာနီအသင်းအနေနဲ့ ထိုင်းလိဂ်(၂) ပထမရာသီဝက်မှာ ၁၇ ပွဲကစားထားပြီး ၁၀ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၃ ပွဲရှုံး၊ ရမှတ် ၃၄ မှတ်ရရှိထားပြီး အမှတ်ပေးဇယား အဆင့် ၃ မှာရပ်တည်နေပါတာကြောင့် တန်းတန်ဖို့အလားအလာကောင်းတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS