9 May 2024

ဓာတ်ပုံ Manager Online

 

စက်တင်ဘာ ၂၇ ရက်၊ ၂၀၂၁

 

လာမည့် ၇ ရက်တွင် မုတ်သုံလေအားကောင်းလာပြီး မိုးပိုများလာမည်ဟု ထိုင်းမိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန ထုတ်ပြန်။

 

စက်တင်ဘာလ ၂၈ မှ ၃၀ ရက်နေ့တွင် ထိုင်းနိုင်ငံအလယ်ပိုင်းအောက်ပိုင်းနှင့်တောင်ပိုင်းအထက်ပိုင်းတို့ကို မုတ်သုံလေဝင်ရောက်တိုက်ခတ်မည်ဟု ဖော်ပြထားပြီး အက်ဒမံပင်လယ်၊ ထိုင်းနိုင်ငံနှင့် ထိုင်း ပင်လယ်ကွေ့ကိုတိုက်ခတ်နေသောအနောက်တောင်မုတ်သုံလေအားနည်းလာခြင်းကြောင့် ထိုင်း နိုင်ငံနေရာအများစုတွင်မိုးနည်းလာမည်ဖြစ်သော်လည်း တောင်ပိုင်းနှင့်အရှေ့ပိုင်းရှိ တချို့နေရာများတွင်း မိုးကြီးမည်ဟု ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့တွင် အားနည်းမုတ်သုံလေသည် ထိုင်းနိုင်ငံမြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းအထက်ပိုင်းနှင့်အရှေ့ပိုင်းတို့ကိုဝင်ရောက်တိုက်ခတ်မည်ဖြစ်ပြီး အက်ဒမံပင်လယ်၊ ထိုင်းနိုင်ငံနှင့်ထိုင်းပင်လယ်ကွေ့ကိုတိုက်ခတ်နေသောအနောက်တောင်မုတ်သုံလေသည်အားကောင်းလာမည်ဖြစ်၍ ထိုင်းနိုင်ငံနေရာအများစုတွင်မိုးပိုများလာမည်ဖြစ်ပြီး အရှေ့ပိုင်းနှင့်တောင်ပိုင်းရှိနေရာတချို့တွင် မိုးသည်းထန်မည်ဟု ဖော်ပြထားသည်။

 

ထိုင်းနိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်းတွင်ရှိ သဘာဝဘေးအန္တရာယ်ဖြစ်နိုင်မြင့်မားသောနေရာများတွင် နေထိုင်သောပြည်သူများအနေဖြင့် လာမည့်အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့အတွင်း မိုးသည်းထန်ခြင်းနှင့်ရေဖုံးလွှမ်းခြင်းအန္တရာယ်များကိုသတိထားရန် ဖော်ပြထားသည်။

 

ထိုင်းနိုင်ငံမြောက်ပိုင်း၌ စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အတွင်း ဒေသ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်ပြီး အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့အတွင်း ဒေသ၏ ၄၀ မှ ၆၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်သည်ဟု ဖော်ပြထားသည်။ ဒေသတွင်းအနိမ့်ဆုံးအပူချိန်သည် ၂၂ မှ ၂၅ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်သည် ၃၀ မှ ၃၄ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်သည်ဟုဆိုသည်။ အနောက်တောင်လေသည်သည် တစ်နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာမြန်နှုန်းဖြင့်တိုက်ခတ်မည်ဟု ဖော်ပြထားသည်။

 

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၌ စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အတွင်း ဒေသ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်ပြီး အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့အတွင်း ဒေသ၏ ၄၀ မှ ၆၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်သည်ဟု ဖော်ပြထားသည်။ဒေသတွင်အနိမ့်ဆုံးအပူချိန်သည် ၂၃ မှ ၂၅ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်သည် ၃၀ မှ ၃၄ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင် သည်ဟုဆိုသည်။ အနောက်တောင်လေသည်သည် တစ်နာရီလျှင် ၁၀ မှ ၂၀ကီလိုမီတာမြန်နှုန်းဖြင့်တိုက်ခတ်မည်ဟု ဖော်ပြထားသည်။

 

 

ထိုင်းနိုင်ငံအလယ်ပိုင်း၌ စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အတွင်း ဒေသ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်ပြီး အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့အတွင်း ဒေသ၏ ၄၀ မှ ၆၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်သည်ဟု ဖော်ပြထားသည်။ ဒေသတွင်းအနိမ့ဆုံးအပူချိန်သည် ၂၃ မှ ၂၅ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်သည် ၃၁ မှ ၃၄ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်သည်ဟုဆိုသည်။ အနောက်တောင်လေသည်သည် တစ်နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာမြန်နှုန်းဖြင့်တိုက်ခတ်မည်ဟု ဖော်ပြထားသည်။

ထိုင်းနိုင်ငံအရှေ့ပိုင်း၌ စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အတွင်း ဒေသ၏ ၄၀ မှ ၆၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်ပြီး အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့အတွင်း ဒေသ၏ ၆၀ မှ ၇၀ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်သည်ဟု ဖော်ပြထားသည်။ ဒေသတွင်းအနိမ့်ဆုံးအပူချိန်သည် ၂၃ မှ ၂၆ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်သည် ၃၀ မှ ၃၄ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်သည်ဟုဆိုသည်။ အနောက်တောင်လေသည်သည် တစ်နာရီလျှင် ၁၅ မှ ၃၀ ကီလိုမီတာမြန်နှုန်းဖြင့်တိုက်ခတ်မည်ဟု ဖော်ပြထားသည်။ ပင်လယ်ရေလှိုင်းအမြင့်ပေ ၂ မီတာခန့်ရှိနိုင်ပြီး မိုးထစ်ချုံးသည့်နေရာများတွင် ၁ မှ ၂မီတာအထိရှိနိုင်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း(အရှေ့ဘက်)၌ အဆိုပါရက်များအတွင်း ဒေသ၏ ၄၀ မှ ၆၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်ပြီး ဒေသတွင်းအနိမ့်ဆုံးအပူချိန်သည် ၂၃ မှ ၂၆ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်သည် ၃၁ မှ ၃၄ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင် သည်ဟုဆိုသည်။အနောက်တောင် လေသည်သည် တစ်နာရီလျှင် ၁၅ မှ ၃၀ကီလိုမီတာမြန်နှုန်းဖြင့် တိုက်ခတ်မည်ဟု ဖော်ပြထားသည်။ ပင်လယ်ရေလှိုင်းအမြင့်ပေ ၁ မီတာခန့်ရှိနိုင်ပြီး မိုးထစ်ချုံးသည့် နေရာများတွင် ၁ မှ ၂မီတာ အထိရှိနိုင်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံတောင်ပိုင်း(အရှေ့ဘက်)၌ အဆိုပါရက်များအတွင်း ဒေသ၏ ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်ပြီး ဒေသတွင်းအနိမ့်ဆုံးအပူချိန်သည် ၁၉ မှ ၂၄ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်သည် ၂၈ မှ ၃၄ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင် သည်ဟုဆိုသည်။အနောက်တောင် လေသည်သည် တစ်နာရီလျှင် ၁၅ မှ ၃၀ကီလိုမီတာမြန်နှုန်းဖြင့် တိုက်ခတ်မည်ဟု ဖော်ပြထားသည်။ ပင်လယ်ရေလှိုင်းအမြင့်ပေ ၁ မှ ၂ မီတာခန့်ရှိနိုင်ပြီး မိုးထစ်ချုံးသည့် နေရာများတွင် ၂ မီတာ အထိရှိနိုင်သည်ဟု ဆိုသည်။

 

မြို့တော်ဗန်ကောက်နှင့်အနီးအနားခရိုင်များ၌ စက်တင်ဘာလ ၂၈ ရက်မှ ၃၀ ရက်နေ့အတွင်း ဒေသ၏ ၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်ပြီး အောက်တိုဘာလ ၁ ရက်မှ ၃ ရက်နေ့အတွင်း ဒေသ၏ ၄၀ မှ ၆၀ရာခိုင်နှုန်းခန့်တွင် မိုးထစ်ချုံးရွာသွန်းနိုင်သည်ဟု ဖော်ပထားသည်။ ဒေသတွင်းအနိမ့်ဆုံးအပူချိန်သည် ၂၄ မှ ၂၆ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်ပြီး အမြင့်ဆုံးအပူချိန်သည် ၃၂ မှ ၃၄ ဒီဂရီစင်တီဂရိတ်တွင်ရှိနိုင်သည်ဟုဆိုသည်။ အနောက်တောင်လေသည်သည် တစ်နာရီလျှင် ၁၀ မှ ၂၀ ကီလိုမီတာမြန်နှုန်းဖြင့်တိုက်ခတ်မည်ဟု ဖော်ပြထားသည်။

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS