10 May 2024

,

ကရင်နွယ်ဖွား မွေထိုင်းလက်ဝှေ့အကျော်အမော် နြူးဖစ် ကီလာစပေါ့ စစ်တပ်ရာထူးချီးမြှင့်ခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း မယ်ဟောင်ဆောင်ခရိုင် မော်ငါမ်မြို့နယ်မှာနေထိုင်တဲ့ ထိုင်းနိုင်ငံသား ကရင် နွယ်ဖွား မွေထိုင်းအကျော်အမော်တစ်ဦီးဖြစ်တဲ့ ကီလာစပေါ့မွေထိုင်းကလပ်မှာကစားနေသူ နြူးဖစ် ကီလာစပေါ့ ကိုစစ်တပ်ရာထူးချီးမြှင့လိုက်တယ်လို့ Karen Thai Group : KTG လူမှုကွန်ရက်စာ မျက်နှာမှာဖော်ပြထားပါတယ်။

“ဒီနေ့တော့ရောက်ရှိလာပါပြီ နြူးဖစ် ကီလာ့စပေါ့ နဲ့ထပ်တူဝမ်းမြောက်ပါတယ်အခြေအနေအားလုံးကို လုံ့လဝိရယနဲ့အံတုလာခဲ့တဲ့နောက်မှာတော့ ဒီနေ့ကိုပိုင်ဆိုင်နိုင်ခဲ့ပါပြီ” လို့ ရေးသားထားပါတယ်။

ချီးမြှင့်ခံရတဲ့ရာထူးကိုတော့ဖော်ပြထားခြင်းမရှိသေးတဲ့အတွက် ဆက်လက်တင်ပြပေးသွားပါမှာ ဖြစ်ပါတယ်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS