3 May 2024

ထိုင်းမှာဝက်သားဈေးကြီးလို့ထိုင်းအများစုက ဝက်သားအစား မိကျောင်းသားကို အစားထိုးစားသုံးဖို့ ပြင်ဆင်နေကြပါတယ်။

food vlogger တွေအများစုကလည်း ဒီရက်အတောတွင်းမှာ မိကျောင်းသားဟာ ကြက်သားနဲ့တူတယ်ဆိုပြီးတော့ မှတ်ချက်ပေးစားသုံးပြတာတွေရှိနေတာကြောင့် ထိုင်းပြည်သူအချို့က ဝက်သားအစား မိကျောင်းသားကို အစားထိုး စားသုံးရန် အာရုံစိုက်နေကြတယ်လို့ siamrath ထိုင်းသတင်းမှာ ဖေါ်ပြထားပါတယ်။

 

 

ဝက်သား ၁ ကီလို ၃၀၀ ဘတ် နီးပါးဈေးကြီးနေချိန်မှာ မိကျောင်းသား ၁ ကီလိုဟာ နေရာဒေသအလိုက် ၂၀၀ မှ ၂၅၀ ဘတ် ခန့်သာရှိနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ နခွန်ပထုမ်ခရိုင်၊ ဒွန်တွန် မြို့နယ်မှာ မိကျောင်းအကောင်ရေ ၁၂,၀၀၀ ခန့်မွေးမြူထားတဲ့ မိကျောင်းခြံ ပိုင်ရှင်က အခုရက်အတောတွင်းမှာ ၎င်းရဲ့မွေးမြူရေးခြံထဲက မိကျောင်း ရောင်းအားဟာ အရင်ကထက် မြင့်တတ်ခဲ့တယ်လို့ ဆိုပါတယ်။

စားသုံးလို့ရတဲ့ မိကျောင်းအရွယ်အစားရဖို့ထိ ၃ နှစ်ခန့်မွေးမြူရပြီး စားသုံးနိုင်တဲ့အရွယ်အစားမိကျောင်း တစ်ကောင်မှာ အသား ၁၂ ကီလိုခန့်ထွက်တယ်လို့ မွေးမြူရေးခြံပိုင်ရှင်ကပြောပါတယ်။

အရင်က မိကျောင်းသားဟာ နိုင်ငံခြားသားတွေကို ဆွဲဆောင်တဲ့ မိနူး အဖြစ်သာ ထိုင်းနိုင်ငံရဲ့အထင်ကရ နေရာတွေမှာ ရောင်းချတာဖြစ်ပြီး လက်ရှိမှာတော့ ထိုင်းပြည်သူအချို့ဟာ ဝက်သားထက်ဈေးတန်တဲ့ မိကျောင်းသားကို စားသုံးကြည့်ကြဖို့ ရွေးချယ်လာပြီဖြစ်တယ်လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS