10 May 2024

,

လက်စွပ်ဝတ်ခြင်းဟာအဓိပ္ပယ်များစွာကိုဖေါ်ဆောင်စေပါတယ်။ အချို့က လှပခြင်းကိုမြတ်နိုးတာကြောင့် လက်စွပ်ဝတ်ဆင်ကြတယ်။ အချို့ကလွှမ်းမိုးနိုင်မှု သြဇာအာဏာကြီးမားမှုတို့ကြောင့် ဝတ်ဆင်ကြတယ်။

တစ်ကယ်တမ်းဇာတာရှု့ထောင့်က ကြည့်မယ်ဆိုရင်တော့ လက်ချောင်းလေးတိုင်းမှာ လက်စွပ်ဝတ်ဆင်ခြင်းက အဓိပ္ပယ်သက်ရောက်မှုတွေနဲ့ ကံကောင်းခြင်းကိုဖေါ်ဆောင်နိုင်တဲ့ အရာတွေရှိကိန်းအောင်းနေပါတယ်။ ကဲ…လက်စွပ်ဝတ်ဆင်ခြင်းနဲ့ ကံဇာတာမြှင့်နိုင်အောင် ဖတ်ကြည့်လိုက်ပါဦးနော်။

ကံဇာတာမြင့်ရန်လက်စွပ်ဝတ်ဆင်နည်း

– အချစ်ရေးကိုအမြဲတမ်းထာဝရပြည့်စုံချင်သူဆိုရင်တော့ နှလုံးလမ်းဖြစ်တဲ့ညာဘက် လက်သူကြွယ်မှာဝတ်ဆင်ထားပါ။

– အချစ်ရေးမှာကံကောင်းချင်ရင် ဘယ်ဘက်လက်သန်းမှာလက်စွပ်ကိုဝတ်ဆင်လိုက်ပါ။

– အများတစ်ကာစိတ်ဝင်စားမှုကိုပိုင်ဆိုင်ချင်ရင်တော့ လက်စွပ်ကိုညာဘက်လက်ညိုးမှာ ဝတ်ဆင်လိုက်ပါ။

– အရာရာတိုင်းကိုကံကောင်းခြင်းတွေနဲ့ဖုံးလွှမ်းနိုင်ဖို့ ညာဘက်လက်သူကြွယ်မှာ လက်စွပ်ကိုဝတ်ဆင်ပါ။

– မကောင်းတဲ့အရာအားလုံးကို ဖယ်ရှားနိုင်ဖို့ ညာဘက်လက်ခလယ်မှာ လက်စွပ်ကိုဝတ်ဆင်လိုက်ပါ။

– ငွေကြေးအဆင်ပြေချောမွေ့စေရန် ညာဘက်လက်ခလယ်မှာ လက်စွပ်ကိုဝတ်ဆင်လိုက်ပါ။

– အများနှင့်ကွဲပြားပြီးဆွဲဆောင်မှုအပြည့်ရှိရန် ညာဘက်လက်သန်းမှာ လက်စွပ်ကိုဝတ်ဆင်လိုက်ပါ။

– ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ချင်ရင်တော့ လက်မမှာလက်စွပ်ကိုဝတ်ဆင်လိုက်ပါနော်။

အချက်အလက်နှင့်ဓာတ်ပုံများအတွက်ကျေးဇူးတင်ပါသည်။ : www.wisdom-gold.com

SHARE THIS NEWS

OTHER NEWS