4 May 2024

ဩဂုတ် ၃၀ရက်၊ ၂၀၂၁

 

ကျောင်းထိုင်ဆရာတော်အပါအဝင် ညဘက်တွင် အရက်ဘီယာပါဝင်သည့်ဟော့ပေါ့ပါတီဝိုင်းဖွဲ့ပြီး ညဆွမ်းဘုန်းသည့် ချင်းမိုင်ရှိနာမည်ကြီး

ဘုန်းကြီးကျောင်းတစ်ခုကို ရဲတပ်ဖွဲ့မှဝင်ရောက်ဖမ်းဆီး။

 

ယမန်နေ့ည ၉ နာရီအချိန်တွင် ဖူဖင်ချင်းမိုင်နယ်မြေရဲစခန်းကင်းလှည့်ရဲမှ ဘုန်းကြီး ကျောင်း တစ်ခုတွင် ကျောင်းထိုင်ဆရာတော်ဦးဆောင်ပြီး

အရက်ဘီယာအပါအဝင် ဟော့ပေါ့ (မူးကထ) ပါတီပွဲဝိုင်းတည်ပြီး ညဆွမ်းဘုန်းနေကြသည်ဟု တိုင်ကြားချက်ရရှိခဲ့သည်။

 

ထိုသို့တိုင်ကြားချက်ရရှိပြီးနောက် ယင်းဘုန်းကြီးကျောင်းသို့အားချင်းသွားရောက်စစ်ဆေးခဲ့ရာ ကျောင်းဆောင်တစ်ခုထဲတွင် သံဃာ ၆ ပါးနှင့်

အရပ်သား ၁ ဦးဝိုင်းဖွဲ့ပြီး အရက်ဘီယာနှင့်ဟော့ပေါ့တို့ကိုမြိန်ရေရှက်ရေ ဘုန်း/သောက်စားနေကြသည်ကို တွေ့ရှိရသည်။ ရဲများရောက်ရှိလာ

ပြီးနောက် ထွက်ပြေးခြင်းမပြုကြဘဲ သံဃာ့အိန္ဒြေစောင့်ထိန်း၍တည်တည်ငြိမ်ငြိမ်ဖမ်းဆီးခဲ့ကြသည်ဟု သိရသည်။

 

 

ယနေ့မနက်တွင် ရဲစခန်းသို့ပင့်လာပြီး ကနဦးစစ်ဆေးချက်အရ အားလုံးက အရက်ဘီယာ စွန့်ဖြစ်ကြောင်းထွက်ဆိုကြသည်။ ကာဖျူးအချိန်တွင်

ဝိုင်းဖွဲ့သောက်စားခြင်းကြောင့်ရောဂါထိန်းချုပ်ရေးအက်ဉပဒေဖြင့် စွဲချက်တင်ထားကာ ခံဝန်လက်မှတ်ထိုးစေပြီး တရားဉပဒေအရဆက်လက်

အရေးယူသွားမည်ဟုရဲတပ်ဖွဲ့ကဆိုသည်။

SHARE THIS NEWS

OTHER NEWS