26 April 2024

ထိုင်းနိုင်ငံ စီအိုင်စာအုပ်ထုတ်ပေးရေးစင်တာ ၅ ခုတွင် တာဝန်ထမ်းဆောင်မည့် မြန်မာဝန်ထမ်းများ ယနေ့နေ့လယ်ပိုင်းတွင် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီဟု သိရ။

 

အထူးရဲတပ်ဖွဲ့တာဝန်ခံ၊ လူဝင်မှုကြီးကြပ်ရေးတာဝန်ခံနှင့်အလုပ်သမားတာဝန်ခံပါဝင်သောအဆိုပါဝန်ထမ်းများသည် ထိုင်းနိုင်ငံသို့ရောက်ရှိလာပြီးနောက် စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ချင်းမိုင်၊ ရနောင်း စသည့်စီအိုင်စာအုပ်ထုတ်ပေးရေးစင်တာ ၅ ခုသို့ ဖြန့်ကျက်သွားကြသည်ဟု သိရသည်။

 

နှစ်နိုင်ငံအစိုးရညှိနှိုင်းအစည်းအဝေးကျင်းပြီးနောက်တွင် စီအိုင်စင်တာများ ဖွင့်လှစ်မည့်ရက်ကို အတည်ပြုကြေညာသွားမည်ဟု သိရပြီး လာမည့်ဇန်နဝါရီလဆန်းပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဟု ခန့်မှန်းရသည်။

 

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS