3 May 2024

,

ယမန်နေ့တွင် ထိုင်းနိုင်ငံအလယ်ပိုင်း လွပ်ဘူရီခရိုင် ခိုတွမ်ရဲစခန်းနယ်မြေတွင်နေထိုင်သည့် အသက် ၅၂ နှစ်ရှိ ထိုင်းအမျိုးသမီးတစ်ဦီး ထိုင်းထီပထမဆု ၃ စောင်ကံထူး ဘတ် ၁၈ သန်းရရှိ။

ယမန်နေ့တွင် ထိုင်းထီပထမဆုဂဏန်း ၀၇၇၂၅၈ ထွက်ရှိခဲ့ရာ လွပ်ဘူရီခရိုင်တွင်နေထိုင်သည့် အသက်၅၂ နှစ်ရှိ ဝဏ္ဏာ ဝမ်းဖွန်းဆိုသူအမျိုးသမီးသည် ပထမဆု ၃ စောင်ကံထူးသည်ဟုသိရှိပြီးနောက် မိသားစု ဝင်များနှင့်အတူ နယ်မြေရဲစခန်တွင် ရဲနေ့စဉ်မှတ်တမ်းသွားရောက်တိုင်ကြားသွားသည်ဟု One News သတင်းဌာနမှဖော်ပြထားသည်။

သူမသည် ၂၅၈ နောက်ပိတ်ဂဏန်းကို ၃ ပတ်ဆက်တိုက်ကံစမ်းဖြစ်ခဲ့ပြီး ထီမထွက်မီတစ်ရက်အလိုတွင် ခိုတွမ်ညဈေးရှိထီသည်ထံသွားရောက်ရှာကြည့်ခဲ့ပြီး ၁ စောင်တောင်းဝယ်ခဲ့သော်လည်း ထီသည်ကခွဲမရောင်း၍ ၃ စောင်တွဲဝယ်ယူခဲ့ရာမှ ၃ စောင်တွဲကံထူးခဲ့သည်ဟု ဆိုသည်။

သန်းထီဆုကံထူးခဲ့လျှင် ဘုန်းကြီးကျောင်း ၉ ကျောင်းတွင်ကုသိုလ်ပြုပြီး မသန်စွမ်းကလေးများကိုလှူဒါန်းမည်ဟု ရည်စူးခဲ့ဖူးသော်လည်း လက်ရှိတွင်ဘတ် ၁၈ သန်းသောငွေပမာဏသည်မည်မျှများပြားသည်ကိုမသိရှိ၍ မည်သို့ကိုင်တွယ်မည်ကိုမသိရသေးဟု ကံထူးရှင်ကဆိုသည်။

ယခင်ကလည်း အနောက်ပိတ် ၃ လုံးဂဏန်းနှင့်အရှေ့သုံးလုံးဂဏန်းတို့ကို ကံထူးခဲ့ဖူးသည်ဟု သိရသည်။

သူမကံထူးပြီးနောက် မိသားစုဝင် ၁၀ ဦးနှင့်အတူနေအိမ်တွင်ပျော်ရွှင်စွာအောင်ပွဲခံကြသည်ဟု ဖော်ပြထားသည်။

သတင်း ရွှေကရင်(ရာမညမြေ)

SHARE THIS NEWS

OTHER NEWS