2 May 2024

ပြီးခဲ့သည့် ၂ ရက်အတွင်း ထိုင်းနိုင်ငံ ပရာကျွပ်ခရိုင်နှင့်ကန်ကျနဘူရီခရိုင်နယ်စပ်မှ ခိုးဝင်လာသည့် မြန်မာ ၁၃၇ ဦးကို ဖမ်းဆီးနိုင်ခဲ့။

 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်တွင် ပရာကျွပ်ခီရီခန်းခရိုင်နယ်စပ်မှခိုင်းဝင်လာသည့်မြန်မာ ၁၉ ဦးကို (ကျား-၁၀၊ မ-၉) ပရာကျွပ်နယ်ခြားစောင့်တပ်ဖွဲ့မှ အောင်နွဲကျေးရွာအုပ်စုနယ်မြေတွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု Army PR Center လူမှုကွန်ရက်စာမျက်နှာမှဖော်ပြထားသည်။

 

ဆက်လက်ပြီး ည ၂၂.၄၅ နာရီအချိန်တွင် ပရာကျွပ်ခရိုင် ရိုင့်ခရောင်ကျေးရွာအနီးတွင် ခိုးဝင်လာသည့်မြန်မာ ၁၆ ဦး (ကျား-၉၊ မ-၇)ကိုထပ်မံဖမ်းဆီးနိုင်ခဲ့သည်။

 

ထို့နောက် ည ၄.၀၀ နာရီအချိန်တွင် ပရာကျွပ်ခရိုင် နောင်းကရာဖောင်ကျေးရွာအနီးတွင် ခိုးဝင်လာသည့် မြန်မာ ၂၆ ဦး (ကျား-၁၅၊ မ-၁၁)ကိုထပ်ပြီးဖမ်းဆီးနိုင်ခဲ့သည်။

 

တဆက်တည်းတွင် ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ် ၁၄.၃၀ နာရီအချိန်တွင် ကန်ကျနဘူရီနယ်စပ်မှခိုးဝင်လာသည့်မြန်မာ ၇၆ ဦး (ကျား-၄၂၊ မ-၃၄) ကို ကန်ကျနဘူရီနယ်ခြားစောင့်တပ်က ထာ့ခမ့်စွတ်ကျေးရွာအနီးတွင်ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆက်လက်ဖော်ပြထားသည်။

 

ဖမ်းဆီးခံရသူများကို စစ်ဆေးမေးမြန်းချက်အရ တစ်ဦးလျင်ပွဲစားခ ၁၈,၀၀၀ ဘတ်မှ ၂၅,၀၀၀ ဘတ်အထိပေးခဲ့ရသည်ဟုထွက်ဆိုကြပြီး အများစုမှာ ထားဝယ်၊ ပဲခူး၊ မော်လမြိုင်၊ ရန်ကုန်၊ မြိတ်၊ မန္တလေးနှင့်ရခိုင်မှလာခဲ့သူများဖြစ်သည်ဟု ဆိုသည်။

 

ထိုင်းနိုင်ငံ ဗန်ကောက်၊ စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ နခေါ်ပထုမ်၊ ရတ်ချဘူရီ၊ ပရာကျွပ်ခီရီခန်း၊ ချွန်ဘူရီ စသည့်ခရိုင်များသို့ အလုပ်သွားလုပ်ကြမည်ဟု ထွက်ဆိုသည်။

 

၎င်းတို့ကို ကိုယ်အပူချိန်တိုင်းရာတွင် ၃၇.၅ ဒီဂရီစင်တီဂရိတ်ကျော်လွန်သူမရှိကြောင်းတွေ့ရှိရပြီး တရား ဉပဒေအရအရေးယူဆောင်ရွက်နိုင်ရန်အတွက် အောင်နွဲနယ်မြေရဲစခန်း၊ ပရာကျွပ်နယ်မြေရဲစခန်း၊ စိုင်ယို့နယ်မြေရဲစခန်း စသည့်သက်ဆိုင်ရာနယ်မြေရဲစခန်းများသို့အသီးသီးပို့ဆောင်ခဲ့သည်ဟု သိရသည်။

 

 

 

သတင်း ရွေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS