27 April 2024

ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခေါ်ရတ်ချစီးမားခရိုင်၊ ဖိမိုင်မြို့နယ်တွင် စပါးခင်းများရေနစ်မြှုပ်၍ ဈေးနိမ်ခံရခြင်းကြောင့် ၁ ကီလိုဂရမ်လျှင် ၁၃ ဘတ်ဈေးပေးဝယ်ယူရန် အစိုးရထံတောင်းဆို။

 

ပြီးခဲ့သည့်လပိုင်းတွင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းအပါအဝင် ထိုင်းနိုင်ငံတဝှမ်းရေကြီးရေလျှံမှုဖြစ်ပေါ် ခဲ့ပြီး စပါးခင်းများရေနစ်မြှုပ်ခဲ့ခြင်းကြောင့် ဆန်စက်မှ ရေစိုစပါးများကို ၁ ကီလိုဂရမ်လျှင် ၈ ဘတ်၊ အခြောက်လှန်းထားသည့်စပါးကို ၁ကီလိုဂရမ်လျှင် ၁၀ ဘတ်ဖြင့်သာဝယ်ယူနေ၍ ဒေသခံတောင်သူများအရှုူံးပေါ်နေခြင်းကြောင့် ၁ ကီလိုလျှင် ၁၃ ဘတ်ဈေးပေး၍ဝယ်ယူပေးရန် တောင်းဆိုနေကြသည်ဟုThe Nation သတင်းဌာနမှဖော်ပြထားသည်။

 

 

“ထိုင်းဆန်မွှေး မိုးစပါး ၅.၆ ဧကစိုက်ပျိုးဖြစ်ပါတယ် ရိတ်သိမ်းခါနီးမှာ ရေဘေးကြောင့် ရက်အတန်ကြာရေမြှုပ်သွားလို့ ရိတ်သိမ်းပြီးလှေနဲ့သယ်တဲ့အချိန်မှာ စပါးစေ့တွေတော်တော်များများကြွေကျသွားတယ် ပုံမှန်ဆို ဒီစပါးခင်းဟာ အိတ်၈၀-၉၀ ထွက်တယ် ရေမြှုပ်တော့ အိတ် ၄၀ ပဲထွက်တော့တယ်” ဆိုပြီး ဖိမိုင်မြို့နယ်တွင်နေထိုင်သည့် အသက် ၆၄ နှစ်အရွယ် လယ်သမားတစ်ဦးက ဆိုသည်။

 

တဆက်တည်းတွင် စပါးဈေးကျဆင်းမှုကြောင့်အရှုံးပေါ်နေသည့်တောင်သူလယ်သမားများ အဆင်ပြေစေရန် အစိုးရမှ တရားမျှတသည့်စပါးဈေးနှုန်းတစ်ရပ်ကိုသတ်မှတ်ပေးရန် ဒေသခံလယ်သမားများ တောင်းဆိုထားသည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS