26 April 2024

,

■ယူရိုချန်ပီယံအီတလီအသင်းသားတွေကို အီတလီ သမ္မတ မတ်တာရယ်လာ က သူ့ရဲ့နန်းတော်ကိုခေါ်ပြီး အထူးဂုဏ်ပြုဆုချီးမြှင့် ခဲ့ပါတယ်။ အီတလီအသင်းသားတွေဟာ အီတလီရဲ့ အမျိုးသားရေးစိတ်ဓာတ်ကိုဖော်ကျူးနိုင်ခဲ့တဲ့ အနေနဲ့ ယူရိုချန်ပီယံဆုဖလားကြီးကိုရယူနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုချီးမြှင့်ရခြင်းဖြစ်တယ်လို့ အီတလီ သမ္မတနန်းတော်က ထုတ်ပြန်ခဲ့ပါတယ်။
အီတလီအသင်းသားအားလုံးကို ဂုဏ်ထူးဆောင်အီတလီနိုင်ငံသားဆုတံဆိပ်တွေကိုပေးအပ်ခဲ့တာ ဖြစ်ပြီးတော့ အီတလီဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေနဲ့ အသင်းနည်းပြအဖွဲ့ဝင်တွေကိုပါ ဂုဏ်ပြုဆု ချီးမြှင့်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
အီတလီအသင်းဟာ ယူရိုဖလားဗိုလ်လုပွဲမှာ အိမ်ရှင်အင်္ဂလန်ကို အနောက်က တစ်ဂိုးအရှူံးနဲ့လိုက် ကစားခဲ့ရပြီး နောက်ဆုံးပင်နယ်တီအဆုံးအဖြတ်နဲ့ဗိုလ်ဆွဲနိုင်ခဲ့တာဖြစ်ပြီးတော့ ဒီလိုမျိုးစွမ်းဆောင်ပြခဲ့ တဲ့အတွက် သမ္မတရဲ့ အထူးဂုဏ်ပြုဆုကို ချီးမြှင့်ခံကြရတာပဲဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS