30 April 2024

ဩဂုတ် ၂၄ ရက်၊ ၂၀၂၁

 

စွန်းဒူစစ်ပိုးလ်မှနောက်ဆုံးပြုစုထားသော “ကိုဗစ်-၁၉ ခေတ် စားသုံးသူအလေ့အထစစ်တမ်း” ရလဒ်တွင်ပြည်သူများတွင်အသုံးစရိတ်မြှင့်တက်လာ၍

စုဆောင်ထားသည့်ငွေများကိုထုတ်ယူသုံးစွဲနေရပြီး နောက်ထပ်သုံးလသာရပ်တည်နိုင်တော့မည်ဟု ဖော်ြပထားသည်။

 

စွန်းဒူစစ်တက်က္ကသိုလ် စွန်းဒူစစ်ပိုးလ်မှ “ကိုဗစ်-၁၉ ခေတ်ထိုင်းပြည်သူများငွေသုံးစွဲမှု” ခေါင်းစဉ်ဖြင့်၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၆ ရက်မှ ၁၉ ရက်နေ့အတွင်း

ပြည်သူ ၁,၂၇၄ ဦးကိုစစ်တမ်းကောက်ယူရာတွင်ကိုဗစ်-၁၉ ခေတ်တွင်ပြည်သူများ၏အသုံးစရိတ်သည် ၄၀.၂၂ ရာခိုင်နှုန်းအထိမြှင့်တက်လာပြီး ၈၃.၅၇

ရာခိုင်နှုန်းသည်အလုပ်လုပ်သည့်ငွေကိုသုံးစွဲနေရသည်။ ၄၂.၆၃ ရာခိုင်နှုန်းသည်စုဆောင်းထားသည့်ငွေ များကိုထုတ်ယူသုံးစွဲနေရသည်ဟု ဖော်ပြထားသည်။

 

ကိုဗစ်-၁၉ ခေတ်ငွေသုံးစွဲနည်းနှင့်ပတ်သက်ပြီး ဇိမ်ခံပစ္စည်းလျှော့ဝယ်သူ ၈၀.၄၄ ရာခိုင်နှုန်း၊ အစိုးရမှ ရေခမီးခ၊ ဖုန်းဘေလ်ခ၊ စက်သုံးဆီခထောက်ပံ့

စေလိုသူ ၅၆.၄၁ ရာခိုင်နှုန်း၊ နောက်ထပ်သုံးလသာ ကျားကန်ထားနိုင်တော့မည့်သူ ၃၇.၃၇ ရာခိုင်နှုန်း အသီးသီးတွေ့ရှိရသည်ဟု ဖော်ပြထားသည်။

 

SHARE THIS NEWS

OTHER NEWS