4 May 2024

အောက်တိုဘာလကုန်မှာ ထိုင်းနိုင်ငံတောင်ပိုင်းခရိုင်တွေ ရေကြီးနိုင်တယ်လို့ ထိုင်းပြည်ထဲရေးဝန်ကြီး “အနုဖုန် ဖောင်ကျင်ဒါ” က ယနေ့ အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။

 

ကမ်းရိုးတန်းဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ အထူးသတိရှိဖို့ ရေကြီးမှုကိုလက်သင့်ခံဖို့ ပြင်ဆင်ထားကြဖို့ကိုလည်း ၎င်းကတိုက်တွန်းခဲ့ပါတယ်။

 

အထူးသဖြင့် ထူထပ်တဲ့တောင်တန်းဒေသတွေထဲက ခရိုင် ၂ ခရိုင်ဖြစ်တဲ့ဖစ်ဘူရီခရိုင်၊ နဲ့ပရကျွတ်ခီရီခန်ခရိုင် အတွင်းမှာနေထိုင်တဲ့ ပြည်သူတွေကို ရေကြီးမှုကို လက်သင့်ခံဖို့ အပါအတွင် မြေပြိုမှုဒဏ်တွေအတွက်ပါ ကြိုတင် ပြင်ဆင်ထားကြရန်လိုတယ်လို့သတိပေးထားပါတယ်။

 

မိုးအဆက်မပြတ်ရွာသွန်းပါက ရေလှောင်ကန်များနှင့် ဆည်ကြီးများကို အဓိကထားစောင့်ကြည့်ရန်နှင့် တောင်စောင်းဒေသများတွင် နေထိုင်တဲ့ပြည်သူတွေအနေနဲ့ မိမိရဲ့ခရိုင်နဲ့သက်ဆိုင်တဲ့သတင်းများကို အဆက်မပြတ်စောင့်ကြည့်နားစွင့်ရန်လိုကြောင်းနှင့် အစိုးရသတိပေးချက်များကိုလိုက်နာကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

 

လက်ရှိမှာ လုမှုကယ်ဆယ်ရေးအသင်းများ သက်ဆိုင်တဲ့ဌာနဆိုင်ရာများက ကြိုတင် သတိပေးလုပ်ဆောင်မှုတွေ ပြုလုပ်နေတယ် လို့လည်းသိရပါတယ်။

 

ပင်လယ်ကမ်းရိုးတန်းဒေသတွေမှာ နေထိုင်တဲ့ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့ဘေးကင်းလုံခြုံရေးကို ဂရုစိုက်ကြဖို့နဲ့ ခရီးသွားတွေလက်ခံထားတဲ့ ဟိုတယ်တွေအနေနဲ့လည်း မိမိတို့ဟိုတယ်မှာတည်းခိုနေတဲ့ ခရီးသွားတွေကို ရေဘေးအန္တရယ် သတိပေးဖို့ ညွှန်ကြားထားတယ်လို့သိရပါတယ်။

 

အခုရက်အတောတွင်းက စပြီးထိုင်းရေတပ်အနေနဲ့လည်း ကမ်းရိုးတန်းဒေသမှာရှိတဲ့လုပ်ငန်းရှင်တွေရဲ့လှေ သင်္ဘောတွေကို ဘေးလွတ်ရာနေရာကို ပြောင်းရွှေ့ထားဖို့ လိုက်လံတိုက်တွန်းဆောင်ရွက်လျက်ရှိတယ် လို့သိရပါတယ်။

SHARE THIS NEWS

OTHER NEWS