26 April 2024

စက်တင်ဘာ ၁ ရက်နေ့တုန်းက ရင်နာစရာဖြစ်စဉ်တစ်ခုပါ။ နံနက် ၇ နာရီချိန်မှာ မိခင်ကရင်သွေးလေးကို ပိုက်ပြီးတိုက်မြင့်ပေါ်ကနေခုန်ချ အဆုံးစီရင်သွားတယ်လို့ ထိုင်းနိုင်ငံ ဗန်ကောက်မြို့ လုံဖီနီမြို့နယ်ရဲစခန်းထံ အကြောင်းကြားလာပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာကို ရဲတွေသွားရောက်တော့ အသက် ၃၀-၄၀ နှစ်အမျိုးသမီးနဲ့ ၆-၇ လ ကလေးတို့ မောက်လျှက်ဖြင့် သွေးအိုင်အလယ်မှာ အသက်မရှိကြတော့ပါဘူး။ သူတို့နှစ်ဦီးဟာ ငှားနေတဲ့ ကွန်ဒိုပေါ်ကနေ ခုန်ချလာတာဟု နီးနားရှိသူထံကသိရှိပါတယ်။

အလောင်းကိုတော့ ခွဲစိတ်စစ်ဆေးမှုပြုလုပ်ရန်အတွက် Chulalongkorn ဆေးကိုပို့ထားပြီး၊ ဆောင်ရွက်ပြီးစီးပါက မိသားစုထံတင်ပြပေးသွားမှာဖြစ်တယ်ဟု ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ယခုလို ခုန်ချအဆုံးစီရင်လိုက်တာဟာ သူမမှာ ရင်ဆိုင်နေရတဲ့ စိတ်ဓာတ်ကျရောဂါ တောက်လျှောက်ခံစားနေရတဲ့ဒဏ်ကြောင့် ဖြစ်နိုင်ခြေများတယ်ဟု မိသားစုထဲက တစ်ယောက်တော့ ပြောပါတယ်။

.

ကိုချစ် ဇွဲကပင်မြေ ဓါတ်ပုံ – MGR Online Thai/Post

SHARE THIS NEWS

OTHER NEWS