12 May 2024

ဩဂုတ် ၂၆ ရက်၊ ၂၀၂၁

 

ဘိန်းစာရွက်ကိုမူးယစ်ဆေးဝါးအဖြစ်မှတရားဝင်ပယ်ဖျက်လိုက်ပြီးနောက် ဘိန်းစာရွက်စိမ်းဈေး ၁ ကီလိုဂရမ် ဘတ် ၅၀၀ အထိခုန်တက်။

 

ထိုင်းအစိုးရက ဘိန်းစာရွက်ကို မူးယစ်ဆေးဝါးအမျိုးအစား ၅ အဖြစ်မှတရားဝင်ပယ်ဖျက်လိုက်သည့် ဉပဒေသည် ပြီးခဲ့သည့် ဩဂုတ်လ ၂၄

ရက်နေ့တွင်စတင်အသက်ဝင်ပြီးနောက် ခြံရှေ့ဘိန်းစာရွက်စိမ်းပေါက်ဈေးသည် ၁ ကီလိုဂရမ်လျှင် ဘတ် ၃၀၀ မှ ဘတ် ၅၀၀ အထိရှိလာသည်

ဟု သိရသည်။

 

“ဘိန်းစာရွက်ကိုအခုလိုတရားဝင်သုံးစွဲခွင့်ပြုလိုက်တဲ့အတွက်ဝမ်းသာပါတယ် ဆေးဘက်ဆိုင်ရာမှာရော သုတေသနလုပ်ငန်းတွေမှာပါတရားဝင်

အသုံးပြုခွင့်လိုက်သလို ပြည်သူတွေကိုစီးပွားဖြစ်စိုက်ပျိုးခွင့်ပြုလိုက်တဲ့အတွက် အတိုင်းမသိဝမ်းသာပါတယ် ဘိန်းစာရွက်အမှုနဲ့ထောင်ကျနေတဲ့

အကျဉ်းသားတွေကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးပြန်လွှတ်ပေးတဲ့အတွက်လည်း အင်မတန်ဝမ်းသာပါတယ်” ဟု ပထုမ်ဌာနီခရိုင်၊ ခလောင်လွန်း

မြို့နယ်၊ ခလောင်စမ်းကျေးရွာအုပ်စု၊ မူ ၁၂ တွင်နေထိုင်သည့် အသက် ၆၇ နှစ်အရွယ်ဘိန်းစာရွက်စိုက်တောင်သူတစ်ဦးက ဆိုသည်။

 

ဘိန်းစာရွက်ကိုတရားဝင်စိုက်ပျိုးခွင့်ပြုလိုက်သည့်အတွက် ပြည်သူများအလုပ်အကိုင်ရရှိလာမည့်အပြင် ဝင်ငွေတိုးလာမည်ဖြစ်သည်ဟု ၎င်းက

ဆိုသည်။

 

မိမိအနေဖြင့် ဘိန်းစာရွက်ကို နှစ် ၃၀ တိုင်တိုင်သုံးစွဲခဲ့ပြီး အကြိမ်ရေ မရေတွက်နိုင်အောင်ဖမ်းဆီး ခံခဲ့ရသည် ဟု ဆက်လက်ပြောပြသည်။

 

လွန်ခဲ့သည့် ၂ နှစ်ခန့်တွင် ထိုင်းအစိုးရက ဘိန်းစာရွက်ကိုတရားဝင်စိုက်ပျိုးသုံးစွဲခွင့်ပြုရန် ပြင်တင်မှုတစ်ရပ်အနေဖြင့်ကျေးရွာတချို့တွင်ရှေ့ပြေး

စီမံကိန်းစတင်ခဲ့ပြီး တစ်အိမ်လျှင်သုံးပင်စိုက်ပျိုးခွင့်ပြုကာ အလွယ်တကူစစ်ဆေးနိုင်ရန် ပင်စည်တွင်ကျူအာကုတ်နံပါတ်ကပ်ထားသည်ဟု

ဆိုသည်။

 

ဘိန်းစာရွက်ကိုတရားဝင်သုံးစွဲခွင့်ပြုလိုက်သော်လည်း ဘိန်းစာရွက်ကိုသမရိုးကျနည်းအတိုင်းအဖြူထည်သာသုံးစွဲခွင့်ပြုထားပြီး အသက် ၁၈ နှစ်

ပြည့်ပြီးသူများကိုသာသုံးစွဲခွင့်ပြုထားသည်ဟု သိရသည်။

SHARE THIS NEWS

OTHER NEWS