26 April 2024

ထိုင်းတွင် အသက်သေဆုံးသည့် မြန်မာနိုင်ငံသားတဦး အာမခံကြေးအပြည့်အဝ ရရှိ

.
ဩဂုတ် ၂၄ ရက်၊ ၂၀၂၃
.
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ နခွန်ရတ်ချစီးမာမြို့ရှိ Laemthong Poultry Co., Ltd (ကြက်သားစက်ရုံ) တွင် အလုပ် လုပ်ကိုင်လျှင်ရှိသော Grand Asia Force Co., Ltd မှ စေလွှတ်သော အလုပ်သမား ၁ ဦးသည် ၁၇-၅-၂၀၂၃ ရက်နေ့ တွင် လမ်းဖြတ်ကူးစဉ် မော်တော်ယာဉ်တိုက်မှုကြောင့် အသက်သေဆုံးခဲ့သည်ဟု မြန်မာအလုပ်သမားသံ အရာရှိ ရုံးက လွန်ခဲ့သော ဩဂုတ်လ ၂၂ ရက်နေ့တွင် ဖော်ပြထားသည်။
.
သေဆုံးသူ မအေးမြင့်အတွက် အာမခံကြေးသုံးမျိုးစလုံး အပြည့်အဝလက်ခံရရှိခဲ့သည်ဟု ဖော်ပြထားသည်။
.
“သေဆုံးသူ မအေးမြင့် အတွက် မြန်မာနိုင်ငံတွင်ရရှိသည့် အသက်အာမခံကြေး ကျပ်သိန်း ၅၀ တိတိအား ၃၁-၅-၂၀၂၃ ရက်နေ့တွင် မြန်မာအေဂျင်စီမှလည်းကောင်း၊ ထိုင်းနိုင်ငံသို့ လာရောက်စဉ် ကိုဗစ်-၁၉ ရောဂါ အာမခံကြေး မှရရှိသည့် ဘတ် ၁၀၀,၀၀၀ တိတိအား Dhipaya Insurance Public Co., Ltd မှ အလုပ်သမားသံအရာရှိရုံး၌ ၂၆-၆-၂၀၂၃ ရက်နေ့တွင်လည်းကောင်း၊ မော်တော်ယာဉ် အာမခံကြေးမှရရှိသည့် ဘတ် ၅၀၀,၀၀၀ တိတိအား အလုပ် သမားသံအရာရှိရုံး၌ ၂၂-၈-၂၀၂၃ ရက်နေ့တွင်လည်းကောင်း ပေးအပ်ခဲ့ရာ သေဆုံးသူ၏ ညီမဖြစ်သူ မဆန်းညွန့်မှ လက်ခံထုတ်ယူခဲ့ပါကြောင်း ဖော်ပြထားသည်။
.
.
Photo : အလုပ်သမားသံအရာရှိရုံး
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ

SHARE THIS NEWS

OTHER NEWS