27 April 2024

အစိုးရဖြစ်လာမည့် ဖူ့ထိုင်းပါတီ၏ မဲဆွယ်စည်းရုံးရေးကာလ ကြွေးကြော်ခဲ့သော မူဝါဒများ လှန်လှောကြည့်ခြင်း
.
ဩဂုတ် ၂၃ ရက်၊ ၂၀၂၃
.
၁။ မက်ခရိုစီးပွားရေးဆိုင်ရာ မူဝါဒများ
.
၁.၁။ ၂၀၂၇ ခုနှစ်အတွင်း အခြေခံလုပ်ခလစာ (၁) ရက်လျှက် ၆၀၀ ဘတ်သတ်မှတ်ရေး
၁.၂။ ၂၀၂၇ ခုနှစ်အတွင်း ဘွဲ့ရအခြေခံလုပ်ခလစာ (၁) လလျှင် ၂၅၀၀၀ ဘတ် သတ်မှတ်ရေး
၁.၃။ အိမ်ထောင်စုတိုင်း၏ လစဉ်ဝင်ငွေ ဘတ် ၂ သောင်းထက် မနည်းစေရေး
၁.၄။ အသက် ၁၆ နှစ်ပြည့်သူ ထိုင်းနိုင်ငံသားတိုင်း Digital Wallet ထောက်ပံ့ကြေး ဘတ် ၁ သောင်း ရရှိရေး
၁.၅။ ရေ၊ မီး မီတာခ နှင့်ဂက်စ်ဈေးနှုန်း ချက်ချင်းလျှော့ချရေး
၁.၆။ တောင်သူလယ်သမားကြွေးမြီ ၃ နှစ် ဆိုင်းငံ့ရေး နှင့် စိုက်ပျိုးရေးထွက်ကုန်များ ဈေးနှုန်းမြှင့်တင်ရေး
၁.၇။ အလုပ်အကိုင်အခွင့်အလမ်း (၂) သန်း ဖန်တီးရေး
၁.၈။ အဆင့်မြင့်ကျွမ်းကျင်လုပ်သား မွေးထုတ်ရေး
၁.၉။ ဆေးခြောက်ကို ဆေးပညာ နှင့် ကျန်းမာရေးကဏ္ဍတွင်သာ အသုံးပြုရေး
.
၂။ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ မူဝါဒများ
.
၂.၁။ မြို့တော်ဗန်ကောက်အတွင်းရှိ မိုးပျံရထား လက်မှတ်နှုန်းထား ခရီးစဉ်တခုလုံး ၂၀ ဘတ် (ဂိတ်စဘူတာ မှ ဂိတ်ဆုံးဘူတာ အထိ) သတ်မှတ်ရေး
၂.၂။ ထိုင်းနိုင်ငံတဝန်း မြန်နှုန်းမြင့်ရထားကွန်ရက် ချိတ်ဆက်ရေး
၂.၃။ လူစီးရထားများ၏မြန်နှုန်းကို ၁ နာရီလျှင် ကီလိုမီတာ ၂၀၀ အဖြစ် မြန်နှုန်းမြှင့်တင်ရေး
၂.၄။ ကုန်တင်ရထားကွန်ရက် အမြန်ဆုံး ချိတ်ဆက်ရေး
.
၃။ ပြည်သူ့ကျန်းမာရေးဆိုင်ရာ မူဝါဒများ
.
၃.၁။ ဘတ် ၃၀ ကျန်းမာရေးအာမခံစနစ်အား ရောဂါအားလုံးကုသနိုင်ရန် နိုင်ငံအနှံ့ကုသမှုရယူနိုင်ရန် အဆင့်မြှင့်တင်ရေး
၃.၂။ မြို့တော်ဗန်ကောက် မြို့နယ် ၅၀ တွင် မြို့နယ်ဆေးရုံး အသီးသီး ဖွင့်လှစ်ရေး
၃.၃။ အွန်လိုင်းမှဆေးကုသမှုပေးရေး နှင့် ဆေးထုတ်ပေးရေး
၃.၄။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး အကုမဲ့ကုသပေးရေး
.
၄။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ မူဝါဒများ
.
၄.၁။ ပြည်သူ့အခြေပြု ဖွဲ့စည်းပုံရေးဆွဲရေး
၄.၂။ ဗျူရိုကရေစီစနစ် (အစိုးရဝန်ထမ်း) ပြုပြင်ပြောင်းလဲရေး
၄.၃။ ဖွဲ့စည်းပုံပြင်ဆင်ရေး နှင့် အမျိုးသားတိုင်းစစ်မှုထမ်းရမည့် ဥပဒေ ဖျက်သိမ်းရေး
၄.၄။ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ရှေ့ပြေး ရွေးကောက်ပွဲ ကျင်းပရေး
.
၅။ နည်းပညာ နှင့် တီထွင်ဖန်တီးမှုဆိုင်ရာ မူဝါဒများ
.
၅.၁။ အာဆီယံဒေသ၏ Blockchain Hub နှင့် Fintech Center ဖြစ်လာရေး
.
၆။ ဆိုက်ဘာမှုခင်းနှိမ်နင်းရေး မူဝါဒများ
၆.၁။ ထိရောက်မှုရှိသော ဆိုက်ဘာြခိမ်းခြောက်မှုကာကွယ်ရေးစနစ် ချမှတ်ဖော်ဆောင်ရေး
.
၇။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒများ
.
၇.၁။ PM 2.5 အမှုန်ပြသနာကို ဇစ်မြစ်မှ ဖြေရှင်းရေး
.

SHARE THIS NEWS

OTHER NEWS