27 April 2024

,

အစာဓာတ်မတည့်ခြင်းဟာ ကမ္ဘာတစ်ဝှမ်းရှိလူသားတိုင်းကြုံတွေ့ရနိုင်တဲ့ ခန္ဓာကိုယ်တုံ့ပြန်မှုတစ်ခုလို့ပြောလို့ရပါတယ်။ အစာဓာတ်မတည့်ခြင်းဟာ အမျိုးအစားများစွာရှိတဲ့အတွက် မိမိဘာနဲ့ မတည့်သလဲဆိုတာ မှတ်ထားသင့်ပါတယ်။ ဓာတ်မတည့်တာ မဖြစ်အောင်လည်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာသင့်ပါတယ်။

ဓာတ်မတည့်ခြင်း 

ဓာတ်မတည့်ခြင်းကို ၂ မျိုးခွဲခြားနိုင်ပါတယ်။

၁. ပင်လယ်စာ၊ကြက်ဥ/ဘဲဥ နှင့် ၊ ကာဗိုဟိုက်​ဒရိတ်တို့ကဖြစ်တဲ့ဓာတ်မတည့်ခြင်း

၂. ညစ်ညမ်းလေထုက ဖြစ်တဲ့ဓာတ်မတည့်ခြင်း ဥပမာ – ဖုန်မှုန့်များ၊ တိရိစ္ဆာန်အမွှေးအမြင်များနှင့် ပိုးဟပ်စတဲ့ ပိုးမွှားတွေက ဖြစ်တဲ့ ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်း လက္ခဏာများ 

ဓာတ်မတည့်ခြင်းဖြစ်တဲ့သူအများစုအောက်ပါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • ချောင်းဆိုးခြင်း
  • နှာခြေခြင်း
  • မောပန်းနွမ်းနယ်ခြင်း
  • မျက်စိယားယံခြင်း
  • မျက်စိစပ်ခြင်း
  • နှာခေါင်းယားယံခြင်း
  • နှာခေါင်းပိတ်ခြင်း
  • အဖုအပိန့်ထွက်ခြင်း
  • နှာစီးခြင်း
  • လေထုကြောင့် အဖုအပိန့်ဖြစ်ခြင်း
  • ရင်ဘက်အောင့်ခြင်း
  • အသက်ရူမဝခြင်း
  • မျက်ရည်ကျခြင်း
  • အသက်ရူသံကျယ်လောင်ခြင်း

အစာဓာတ်မတဲ့သူတွေဟာ အပေါ်မှာဖေါ်ပြပေးထားတဲ့ လက္ခဏာတွေခံစားရနိုင်သလို မူးဝေခြင်း အော့အန်ခြင်း စတဲ့ဝေဒဏာတွေနှင့်လည်း ကြုံတွေ့ရနိုင်ပါတယ်။

အစာဓာတ်မတည့်ခြင်းဟာ လူတိုင်းဖြစ်နိုင်တဲ့ ကျန်းမာရေးလို့ဆိုလို့ရပါတယ်။ မိမိဟာ ဘာနဲ့ဓာတ်မတည့်တာလဲဆိုတာ သိထားခြင်းအားဖြင့် ဓာတ်မတည့်ခြင်းဝေဒဏာကို လွယ်လွယ်ကူကူနှင့် ‌ရှောင်ရှားနိုင်မှာပါ။

SHARE THIS NEWS

OTHER NEWS