28 April 2024

,

25 ရက်နေ့ ၈ လပိုင်း ၂၀၂၁ ခုနှစ်က သတင်းသမားများချင်းမိုင်မြို့တွင် တည်ရှိ ထားသော ဘုန်ကြီးကျောင်းအဟောင်းတစ်ခုတွင် ဦးဇင်းအသက် ၆၆ နှစ်တစ်ပါးက ငှက်မွေးထားရာ ထိုငှက်မှ အမြဲတမ်းအသံကျယ်ဖြင့်အော်လေ့ရှိပြီး ဘုန်းကြီးကျောင်း ကိုလာတဲ့ လူတွေတိုင်းကို အသံကျယ်ဖြင့်အော်ကာ အမြဲရှိနေပြီး လာတဲ့လူတွေကလဲ မြေပဲများကျွေးလေ့ရှိပါတယ်။ ထိုငှက်နာမည်မှာ ကျောင်းဆန်ဖြစ် ပြီး အသက် ၃နှစ် အရွယ်ဖြစ်ပါတယ်။

ဉီးဇင်းမှ ကျောင်းဆန်ကို မွေးထားတာကြာပြီ ဖြစ်ပြီး ဘုန်းကြီးကျောင်းအနီးတစ်ဝိုက် ရဲ့အချစ်တော်ငှက်တစ်ကောင်လဲဖြစ်ပါတယ်။ မနက်တိုင်းပျံသန်းကစားလေ့ရှိပြီး အနီးနားကသူတွေကလဲ ထီဂဏန်းလာတောင်းလေ့ရှိကြပါတယ်။

စာရွက်ကိုလိပ်ပြီး စာရွက်ပေါ်တွင် သုည မှ ကိုးအထိ ဂဏန်းရေးကာ ကျောင်းဆန်ကို သုံးခါ ဆိပ့်ခိုင်းပြီး ရလာတဲ့ဂဏန်းကို ထီစာရွက်ဝယ်တာ ထီပေါက်တာများ သောကြောင့် မကြာခဏ ဆိတ်ခိုင်းလေ့ရှိပါတယ်။ ကျောင်းဆန်က လဲအမြဲလုပ်ပေး လေ့ မရှိဘဲ သူစိတ်ပါမှသာ ဆိတ်ပေးလေ့ရှိတယ်။

သတင်း‌ထောက်များမှ ကိုယ်တိုင်ဆင်းပြီးစမ်းသပ်ရာတွင် ပထမကျောင်းဆန် မှာ မလုပ်ပေးဘဲနေရာမှ နောက်ကြာတော့ ဂဏန်းသုံးလုံးကိုဆိတ်ပေးရာ ရလာတဲ့ဂဏန်း မှာ ၅၄၁ ဖြစ်ပါတယ်။

SHARE THIS NEWS

OTHER NEWS