28 April 2024

ဩဂုတ် ၂၀ ရက်၊ ၂၀၂၁

 

လာမည့် စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် ထီယန်ထလေနှင့်ဘန်ခွန်ထီယန်နယ်မြေရှိ ထိုင်းရောက်မြန်မာလုပ်သားများအား

ကိုဗစ်-၁၉ အခမဲ့စစ်ဆေးပေးမည်။

 

 

လာမည့်စနေနေ့နှင့်တနင်္ဂနွေနေ့များတွင် ဘန်ခွန်ထီယန်နယ်မြေကျန်းမာရေးဌာနမှ ထီယန်ထလေနှင့်ဘန်ခွန်ထီယန်နယ်မြေရှိ

 

ထိုင်းရောက်မြန်မာလုပ်သားများကို ၂ နေရာခွဲပြီး ၂ ရက်ဆက်တိုက် ကိုဗစ်-၁၉ အခမဲ့စစ်ဆေးသွားမည်ဟု Aung zin phyo

ဖေ့စ်ဘွတ်အကောင့်တွင် ဖော်ပြထားသည်။

 

စနေနေ့ (၂၁-၀၈-၂၀၂၁) ရက်နေ့တွင် ထီဘန်ထလေ ၂၆ လမ်း၌စစ်ဆေးပေးသွားမည်ဖြစ်ပြီး တနင်္ဂနွေနေ့(၂၂-၀၈-၂၀၂၁)

ရက်နေ့တွင် ဘန်ခွန်ထီယန် ၁၄ လမ်း (ငါးသေတ္တာလမ်း) တွင် စစ်ဆေးပေးမည်ဟု ဖော်ပြထားသည်။

 

ကိစ္စရပ်တစ်ခုခုကြောင့် ကိုဗစ်-၁၉ ကင်းစင်ကြောင်းထောက်ခံစာလိုအပ်သူများ သွားရောက်စစ်ဆေးနိုင်သည်ဟု နိုးဆော်ထားသည်။

 

သွားရောက်စစ်ဆေးလိုသူများအနေဖြင့် အသေးစိတ်အချက်အလက်များကို ဘန်ခွန်ထီယန် ၁၄ လမ်းစေတနာ့ဝန်ထမ်းများဖြစ်ကြသော

ကိုဝင်းထက်အောင်-062-898-4661၊ ကိုအောင်ဇင်ဖြိုး-094-616-1484၊ ကိုဝင်း – 080-567-9010၊ ကိုဆန်းဝင်းအောင် – 099-327-6997၊

 

ကိုသိန်းဇော်ဦး – 094-975-2075 စသူတို့ထံ ဖုန်းဆက်ပြီးကြိုတင်မေးမြန်းနိုင်သည်ဟု အကြံပြုထားသည်။

SHARE THIS NEWS

OTHER NEWS