3 May 2024

,

ခင်ပွန်းဖြစ်သူ dj petchja နဲ့တရားဝင်ပြတ်စဲသွားပြီဖြစ်ကြောင်းနှင့် သားဖြစ်သူ နောင်းတိုက်ဂါးကို အဖေနေရာရော အမေနေရာကပါ အကောင်းဆုံးကြရှုစောင့်ရှောက်သွားမှာဖြစ်ကြောင်း Newclear Hansa က သူမရဲ့ အင်စတာဂရမ် အကောင့်မှာတင် ခဲ့ပါတယ်။

Newclear Hansa ရဲ့အမဖြစ်သူ Aum Lakkhana က သူတို့ ၂ ဦးလုံးဟာလမ်းခွဲသွားခဲ့သည့်တိုင် သားဖြစ်သူ နောင်းတိုက်ဂါး  အပေါ်မှာ တာဝန်ကျေကြပါတယ်လို့ ကွန်မန့်ဝင်ရေးထားခဲ့ရာ အဲဒီကွန်မန့်ကို လိုက်ခ်နှိပ်သူ ၂ ထောင်ကျော်ရှိခဲ့ပါတယ်။

Newclear Hansa ရဲ့ပို့စ်အောက်မှာ dj petchja ရဲ့ပရိသတ်တစ်ဦးက Newclear Hansa ကအလှအရမ်းမက် လွန်းပါတယ်။ ခင်ပွန်းဖြစ်သူနေမကောင်းဖြစ်ချိန်မှာတောင် ဂရုတစ်စိုက်နေပေးတာမျိုး မတွေ့ဖူးဘူး ဆိုပြီး ကွန်မန့်ဝင်ရေးထားပါသေးတယ်။

SHARE THIS NEWS

OTHER NEWS