27 April 2024

၄ နှစ်စေ့ MoU များကို ဩဂုတ် ၁၅ ရက်နောက်ဆုံးထားပြီး ကျဲ့အော်ရန် သတိပေး
.
ဩဂုတ် ၄ ရက်၊ ၂၀၂၃
.
၁-၁-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၃ ရက်နေ့အတွင်း အလုပ်လုပ်ကိုင်ခွင့်ကာလ ၄ နှစ်စေ့သော MoU လုပ်သားများကို ဩဂုတ်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ကျဲ့အော်ပေးရမည်ဟု စမွတ်ဆာခွန်ခရိုင် အလုပ်အကိုင်ရှာဖွေရေးရုံးက ယမန်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
.
ထိုင်းနိုင်ငံအတွင်း MoU စနစ်ဖြင့်နေထိုင်လုပ်ကိုင်လျှက်ရှိသော ရွှေ့ပြောင်းလုပ်သားများအနက် ၁-၁-၂၀၂၂ ရက်နေ့မှ ၃၁-၇-၂၀၂၃ ရက်နေ့အတွင်း အလုပ်လုပ်ကိုင်ခွင့်ကာလ ၄ နှစ်စေ့သော MoU လုပ်သား များကို ၃၁-၇-၂၀၂၃ ရက်နေ့အထိသာ ဖြေလျှော့ခွင့်ပေးထာသည်ဖြစ်၍ လာမည့် ဩဂုတ်လ ၁၅ ရက်နေ့ (၂၀၂၃) ကို နောက်ဆုံးထားပြီး အလုပ်ရှင်များမှ ကျဲ့အော်ပြုလုပ်ပေးရန် အသိပေးထားသည်။
.
ပျက်ကွက်ခဲ့လျှင် ၂၀၁၇ ခုနှစ် နိုင်ငံခြားလုပ်သားစီမံအုပ်ချုပ်ရေးအမိန့် ပုဒ်မ ၁၀၃ အပါအဝင် ၂၀၁၈ ခုနှစ်တွင် ထပ်မံပြင်ဆင်လိုက်သောပုဒ်မများအရ ဘတ် ၂ သောင်းထက်မပိုသော ဒဏ်ငွေ ချမှတ်ခံရနိုင် သည်ဟု သတိပေးဖော်ပြထားသည်။
.
ပုံစာ: ၂၀၂၂ ခုနှစ် မေလအတွင်းက ရနောင်းလက်ခံရေးစခန်း မှတဆင့် ရောက်ရှိလာသော MoU လုပ်သားများ
.

SHARE THIS NEWS

OTHER NEWS