29 April 2024

,

ဘောက်ဆင်စည်းကမ်းဖြင့် ထိုးသတ်မည်
.
ဇူလိုင် ၂၁ ရက်၊ ၂၀၂၃
.
မန်နီ ပက်ကွီယီနှင့် ဘိုးခေါင် ဘောက်ဆင်စည်းကမ်းဖြင့်ထိုးသတ်မည်ဟု ပွဲစီစဉ်သူ အတည်ပြု။
.
WBC ဝိတ်တန်း ၈ ခုချန်ပီယံ မန်နီ ပက်ကွီယို နှင့် နာမည်ကြီး မွေထိုင်းကစားသမား ဘိုးခေါင်းတို့၏
The Match of Legend ပွဲစဉ်ကို လာမည့်နှစ်ဆန်းပိုင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ဘောက်ဆင်စည်း ကမ်းဖြင့်ထိုးသတ်မည်ဟု ပွဲစီစဉ်သူ Fresh Air Festival ကုမ္ပဏီ အမှုဆောင်အရာရှိချုပ် Vinit Lertratanachai က ယနေ့တွင် icon Siam ၌ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
.
၇၀ ကီလိုဂရမ် ဝိတ်တန်းတွင် ထိုးသတ်သွားမည်ဖြစ်ပြီး ၆ ချီထိုးသတ်မည်ဖြစ်ကာ ၃ မိနစ်ထိုး ၂ မိနစ်နား စည်းကမ်းဖြင့် ထိုးသတ်မည်ဟု ဆိုသည်။
.
၂၀၂၃ ခုနှစ် ပထမသုံးလပတ်ထဲတွင် ကျင်းပရန်ရာထားပြီး ကမ္ဘာတဝန်းရှိ ကမ္ဘာကျော်နှစ်ဦး၏ပရိသတ် များက တိုက်ရိုက်ကြည့်ရှုနိုင်ရန်အတွက် time zone ကို ကြည့်ရအုံးမည်ဖြစ်၍ နေရာမသတ်မှတ်နိုင်သေး ဟု ဆိုသည်။
.
ယင်းပွဲစဉ်တွင် အနိုင်ရရှိသူကို ဘောနပ်ကြေး ဘတ် ၁၀ သန်း ချီးမြှင့်သွားမည်ဟု Vinit က ဆိုသည်။
.
အသက် ၄၄ နှစ်ရှိသူ ပက်ကွီယိုမှာ အရပ်အမြင့် ၁၆၆ စင်တီမီတာ သာရှိပြီး အသက် ၄၁ နှစ်သာရှိသော ဘိုးခေါင်မှာ အရပ်အမြင့် ၁၇၄ စင်တီမီတာ ရှိသည်။
.
ပက်ကွီယိုအနေဖြင့် ဘောက်ဆင်ပွဲစဉ် ၇၂ ပွဲထိုးသတ်ခဲ့ပြီး ၆၂ ပွဲနိုင် (အလှဲထိုးနိုင် ၃၉ ပွဲ)၊ ၈ ပွဲရှုံး၊ ၂ ပွဲ သရေသည့် မှတ်တမ်းကိုပိုင်ဆိုင်ထားသော်လည်း ဘိုးခေါင်မှာ ဘောက်ဆင်ထိုးသတ်ဖူးခြင်း မရှိသေးဟု သိရသည်။
.
မည်သို့ဆိုစေ K1 ချန်ပီယံ ၂ ကြိမ်ရရှိထားသော ဘိုးခေါင်မှာ ကစ်ဘောင်ဆင်ပွဲစဉ် ၃၃၀ ပွဲထိုးသတ်ထား ပြီး ၂၉၅ ပွဲနိုင် (အလှဲထိုးနိုင် ၇၂ ပွဲ)၊ ၂၃ ပွဲရှုံး၊ ၁၂ ပွဲသရေသည့်ရလဒ်ကောင်းကို ပိုင်ဆိုင်ထားသည်။
.
Photo: icon Siam
.

SHARE THIS NEWS

OTHER NEWS