9 May 2024

ဓာတ်ပုံ Chaing Mai News

အောက်တိုဘာ ၁၅ ရက်၊ ၂၀၂၁

နန့်တွင် ဘတ်တစ်ထောင်တန်ငွေစက္ကူအတု ၅ ရွက်ဖြင့် စမတ်ဖုန်းဝယ်ယူခဲ့သည့် အမျိုးသမီးကို ဖမ်းဆီး။

 

 

ထိုင်းနိုင်ငံမြောက်ပိုင်း၊ နန့်ခရိုင်၊ ပွာမြို့နယ်၊ ပွာကျေးရွာအုပ်စု၊ မူ-၃၊ အမှတ် ၂၆၁ တွင်ဖွင့်လှစ်ထားသည့်မိုဘိုင်းဝမ်းဖုန်းအရောင်းဆိုင်၌ ပြီးခဲ့သည့် အောက်တိုဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂.၃၀ နာရီအချိန်တွင်ဘတ်တစ်ထောင်တန်ငွေစက္ကူအတု ၅ ရွက်ဖြင့် ဘတ် ၄,၉၀၀ တန် OPPO စမတ်ဖုန်းတစ်လုံးဝယ်ယူခဲ့သည် အမျိုးသမီးကို ဆိုင်ပိုင်ရှင်၏တိုင်ကြားမှုဖြင့် ပွာနယ်မြေရဲစခန်းမှဖမ်းဆီးနိုင်ခဲ့သည်ဟု Chaing Mai News သတင်းဌာနမှ ဖော်ပြထားသည်။

 

အဆိုပါ အမျိုးသမီးသည် နန့်ခရိုင်၊ ပွာမြို့နယ်၊ ပွာကျေးရွာအုပ်စု၊ မူ-၁၁ တွင်နေထိုင်သူ အသက် ၂၀ ရှိ ကျန်ကျိရာ ဖြစ်သည်ဟု သိရပြီး “ငွေစက္ကူအတုမှန်းသိလျက်ဖြင့်သုံးစွဲရန်လက်ဝယ်ကိုင်ဆောင်ထားမှု” ဖြင့်ဖမ်းဆီးထားခြင်ဖြစ်သည်ဟု ရဲတပ်ဖွဲ့ဆိုသည်။

 

 

ဖုန်းဆိုင်ရှင်မှငွေစက္ကူများ၏ မျက်နှာပြင်ကိုလက်ဖြင့်ပွတ်ကြည့်ရာတွင်ကြမ်းတမ်းမှုမရှိခြင်း၊ အလင်း ရောင်တွင်ထောင်ကြည့်ရာတွင်လည်း ဘုရင်ပုံရေစာမမြင်ရခြင်း၊ သာမန်ငွေစက္ကူများထက်ဆေးရောင် ဖျော့ခြင်း စသည့်အချက်များကြောင့် ငွေစက္ကူအတုမှန်းကောက်ချက်ချနိုင်ပြီးနောက် ၁၉၁ အရေပေါ် ဖုန်းနံပါတ်ကိုခေါ်ဆိုပြီး ပွာနယ်မြေရဲစခန်းကို တိုင်တန်းခဲ့သည်ဟု ဖော်ပြထားသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS