4 May 2024

,

စင်္ကာပူနိုင်ငံသားတစ်ဦးဟာ လွန်ခဲ့တဲ့ ၂ နှစ်က ထိုင်းနိုင်ငံကိုလာရောက်လည်ပတ်စဉ်က နခွန်ပထုန်ခရိုင်

နခွန်ချိုင်းစီမှာရှိတဲ့ ကူမန်ကလေးနတ် ထံမှာ ချဲဂဏန်းတောင်းပြီး စင်္ကာပူပြန်ရောက်ချိန်တွင် ထီထိုးခဲ့ရာက

စင်္ကာပူထီ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက် ၎င်းက ၂ နှစ်ကြာပြီး

ယခုထိုင်းကိုလာရောက်လည်ပတ်ချိန် သူရဲ့ သူငယ်ချင်းတွေကို ခေါ်လာပြီး ကူမန်ကလေးနတ်

ကိုလာရောက်ပူဇော်ခဲ့တယ်လို့ နယ်မြေခံသတင်းမှာဖေါ်ပြထားပါတယ်။

ကူမန်ကလေးနတ် ထံက ချဲဂဏန်းတောင်းနည်းကတော့ အရင်ဆုံး အမွှေးတိုင်ထွန်းညှိပြီး အချိုရည်နှင့်

မုန့်တွေနဲ့ပူဇော်ရပြီး ကူမန်ကလေးနတ် ကို မိမိလိုချင်တဲ့ဆုကို နားနှင့်ကပ်ပြောရပါတယ်။ ပြီးပါက မိမိမှာပါလာတဲ့

တစ်ထောင်တန် ငွေစက္ကူနှင့် ကူမန်ကလေးနတ် ထံမှာထားရှိတဲ့ တစ်ထောင်တန်ငွေစက္ကူခြင်း လှလှယ်ရတာဖြစ်ပြီး

အများစုက တစ်ထောင်တန်မှာပါရှိလာ တဲ့ ကိန်းဂဏန်း ၇ လုံးကိုကောက်ပြီးထိုးကြတာပါ။ ယခုအခေါက် ရခဲ့တဲ့

ကိန်းဂဏန်း (8 ข 2606909) ၇ လုံးကို စင်္ကာပူနိုင်ငံသားက မီဒီယာမှာချပြခဲ့ပါတယ်။

Mr. YC ကဒီတစ်ခေါက်ပေါက်ရင် ဘုန်းကြီးကျောင်းပတ်ပတ်လည်ကို မြေပြန်ဖို့ပေးမှာဖြစ်ပြီး

အလှူအတန်းတွေလည်း လာ‌ရောက်ပြုလုပ်ပေးသွားဖြစ်တယ်လို့ပြောခဲ့ပါတယ်။ ပေါက်ချင်တဲ့သူတွေကတော့

လိုက်ထိုးဖို့ လက်မ‌နှေးနဲ့နော်…အားလုံးကံကောင်းပါစေရှင်…

SHARE THIS NEWS

OTHER NEWS