3 May 2024

,

၂၀၂၁ နိုဝင်ဘာလ ၄ ရက် (ယနေ့မနက်ပိုင်း) က ထိုင်းတောင်ပိုင်း ဟာ့ယိုင်မြို့နယ်၊ စုမ်ခရာခရိုင်ရှိလက်အိတ်ရုံက အလုပ်သမားတွေ အလုပ်သမားအခွင့်အရေး ဆိုးဆိုးရွားရွားချိုးဖောက်ခံရလို့ဆိုပြီး အလုပ်သမားအခွင့်အရေးပြည့်ပြည့်ဝဝရရှိရန်  အလုပ်သမားရာချီ စက်ရုံရှေ့မှာစုရုံး ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖေါ် ခဲ့ကြရတဲ့ အဓိကဖြစ်စဉ်ကို စုံစမ်းမေးမြန်းကြည့်ရာမှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ ညက အဆိုပါလက်အိတ်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ဦး လေဖြတ်မလိုဖြစ်တာကြောင့် စက်ရုံတွင်းမှာ နေထိုင်ကြတဲ့ အလုပ်သမားတွေက ဆေးရုံပို့ဖို့ စီစဉ်ခဲ့သော်လည်း စက်ရုံတာဝန်ခံထိုင်းလူမျိုး တွေက အလုပ်ရုံက ထွက်ခွာခွင့်မပြုတာကြောင့် လူနာသေဆုံးခဲ့ရာက လက်အိတ်ရုံအတွင်းမှာ အလုပ်လုပ်ကိုင်နေကြတဲ့အလုပ်သမား တွေဟာ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝရရှိရေးကို အဓိကထားပြီး ချိုးဖောက်ခံနေရတဲ့ အလုပ်သမား အခွင့်အရေးတွေအပြည့်အဝရရှိဖို့ ဒီကနေ့ မနက်ပိုင်းမှာ ဆန္ဒထုတ်ဖေါ်တောင်းဆိုနေကြတာပါ။

“ညီမတို့က အလုပ်ရုံအတွင်းမှာပဲနေကြရတာ ညကရုတ်တရက်ဦးလေးကြီးတစ်ယောက် လေဖြတ်မလို ဖြစ်တော့ ညီမတို့ ဆေးရုံပို့ဖို့စီစဉ်တာကို အလုပ်ရုံက ကန့်ကွက်တယ်။ သူတို့ကိုယ်တိုင်လည်း ဆေးရုံကားမစီစဉ်ပေးဘူး သူတို့လုပ်ရပ်ကြောင့် လူတစ်ယောက် အသက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးသွားခဲ့ရတယ်၊။ နောက်ပြီးအလုပ်သမား အခွင့်အရေးအပြည့်အဝမရဘူး နားရက်တွေမှာ အချိန်ပိုဆင်းရင်လဲ အချိန်ပိုကြေးအပြည့်အဝမပေးဘူး နေမကောင်းလို့အလုပ်နားရင် အချိန်ပိုဖြတ်တယ်။ အဓိကတော့ အလုပ်သမားအချင်းချင်းတောင် မြန်မာနဲ့ ထိုင်းလူမျိုးတွေ ရပိုင်ခွင့် ခံစားပိုင်ခွင့်က မတူကြဘူး ထိုင်းတွေဆိုရင် ကြိုက်သလိုနေ ကြိုက်သလိုလုပ် လုပ်ပိုင် ခွင့်အပြည့်အဝပေးထားတယ်၊ ညီမတို့ မြန်မာတွေကျတော့ ဘာအခွင့်အရေးမှမပေးဘူး” လို့ လက်အိတ်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့ မခိုင် (အမည်လွှဲ) က Myanmar Live ကိုပြောပါတယ်။

ထပ်မံပြီးဒီနေ့မနက်ပိုင်း ပျံ့ နှံ့လာတဲ့ ကွာရန်တင်းစင်တာ ဓာတ်ပုံတွေနဲ့ပတ်သက်လို့ နောက်တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ သူကအခုလိုပြောပါတယ်။

“ကိုဗစ်ကာလတုန်းက စက်ရုံမှာ ကိုဗစ်ဖြစ်တဲ့ အလုပ်သမားတွေကို ၁ ပတ်ပဲကွာရန်တင်းဝင်ခိုင်းတယ် ပြီးတော့ အလုပ်ပြန်ဆင်းခိုင်းတယ်။ ပရကန်စံခုမ်းက ၁၄ ရက် ကွာရန်တင်း ဝင်ခိုင်းပေမယ့် စက်ရုံက ကိုဗစ်ကူးစက်ခံရတဲ့ လူနာတွေများလာတော့ ဒီတိုင်းပဲ သက်သာလာတဲ့သူတွေကို အလုပ်ချက်ခြင်ပေးဆင်းတာ၊ နောက်ပြီး သူတို့ဆောက်ပေးထားတဲ့ ကွာရန်တင်းစင်တာကိုလည်းကြည့်ပါဦး ဒီအတိုင်းမြေပြင်မှာ အမိုးအကာ ဆောက်ပြီး ခင်းချလိုက်တာပဲရှိတယ်” လို့၎င်းကပြောပါတယ်။

နောက်ဆုံးသတင်းအရ အဆိုပါ လက်အိတ်စက်ရုံမှာ ချိုးဖောက်ခံနေရတဲ့ အခွင့်အရေးတွေရရှိဖို့ အလုပ်သမားတွေက အချက် ၁၃ ချက်ကိုသဘောတူညီတောင်းဆိုထားပြီး လက်ရှိမှာ အလုပ်သမားကိုယ်စားလှယ် ၅ ဦးနှင့် ထိုင်းအလုပ်ရှာဖွေရေးရုံး၊ အလုပ်ရုံမန်နေဂျာတွေ ထိပ်တိုက် ဆွေးနွေးနေလျက်ရှိ တယ်လို့သိရပါတယ်။

မဲဆောက်တွင် မြန်မာဘက်သို့ရောင်းချမည့်

SHARE THIS NEWS

OTHER NEWS