26 April 2024

,

မြို့တော်ဒေလီမှာကျင်းပခဲ့တဲ့ “Yonex-Sunrise India Open 2022” ကြက်တောင်ပြိုင်ပွဲမှာ ထိုင်းကြက်တောင်မယ် နောင်းခရင်မ် က အမျိုးသမီးတစ်ဦးချင်း ဗိုလ်ဆွဲ။

ကမ္ဘာ့အဆင့် ၁၂ ရှိပြီး ပြိုင်ပွဲနိုင်ခြေအဆင့် ၂ ရှိသူ ထိုင်းကြက်တောင်မယ် နောင်းခရင်မ် ဘူစနန် နဲ့ ကမ္ဘာ့ဆင့် ၃၃ ရှိပြီး ပြိုင်ပွဲနိုင်ခြေအဆင့် ၆ ရှိသူ နောင်းမေ စူဖနိဒါ တို့က ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက် နေ့မှာ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားခဲ့ကြပြီး ဝါရင့်ကစားသမားဖြစ်တဲ့ နောင်းခရင်မ်က ၂ ပွဲ ၁ ပွဲ (၂၂-၂၀၊ ၁၉-၂၁၊ ၂၁-၁၃) နဲ့ အသာစီးရယူနိုင်ခဲ့ပါတယ်။

နောင်းခရင်မ်ဟာ ပွဲကစားချိန် ၁.၀၆ နာရီအပြီးမှာ သူမရဲ့ဒုတိယမြောက်ကမ္ဘာ့အဆင့်ချန်ပီယံဆု ကိုသိမ်းပိုက်နိုင်ခဲ့ပြီးတော့ ဆုကြေးငွေ ကန်ဒေါ်လာ ၃၀,၀၀၀ (ဘတ် ၁,၀၂၆,၀၀၀) ရရှိခဲ့ပါတယ်။

ဒုတိယဆုနဲ့သာဖြေသိမ့်လိုက်ရတဲ့ နောင်းမေကတော့ ဆုကြေးငွေ ဘတ် ၅၀၁,၆၀၀ ရရှိခဲ့ပါတယ်။

ဝမ်းဇီး

SHARE THIS NEWS

OTHER NEWS