3 May 2024

ဓာတ်ပုံ ไทยรัฐออนไลน์

 

စက်တင်ဘာ ၂၁ ရက်၊ ၂၀၂၁

 

လက်ရှိကျင့်သုံးနေသည့် အရေးပေါ်ထုတ်ပြန်ချက်ကို ထပ်မံတိုးမြှင့်ခြင်းမပြုတော့ဘဲ ဖျက်သိမ်းလိုက်ပြီဟု ထိုင်းအစိုးရအဖွဲ့ပြောခွင့်ရ ဆို။

 

ယနေ့တွင် ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ ပုံမှန်အစည်းအဝေးတွင် လက်ရှိကျင့်သုံးနေသည့် အရေးပေါ်အခြေအနေစီမံအုပ်ချုပ်ရေးထုတ်ပြန်ချက် ဘီအီး ၂၅၄၈ ကို ထပ်မံတိုးမြှင့်ခြင်းမပြုတော့ဘဲ ဖျက်သိမ်းလိုက်ပြီဟု ထိုင်းအစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကဆိုသည်။

 

ထို့ကြောင့် အရေးပေါ်ထုတ်ပြန်ချက်သည် လာမည့် စက်တင်ဘာ ၃၀ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး အရေးပေါ်စီမံအုပ်ချုပ်ရေးထုတ်ပြန်ချက်အရ ဖွဲ့စည်းထားသည့် ကိုဗစ်-၁၉ ကူးစက်မှု အခြေအနေစီမံအုပ်ချုပ်ရေးဗဟိုဌာန (CCSA) သည်လည်း အလိုအလျောက်

 

ဖျက်သိမ်းခံရမည်ဟု ဆိုသည်။

 

အရေးပေါ်အခြေအနေစီမံအုပ်ချုပ်ရေးထုတ်ပြန်ချက်ကို ဖျက်သိမ်းလိုက်ပြီးနောက် ကူးစက်ရောဂါအက်ဉပဒေ ဘီအီ ၂၅၅၈ မူကြမ်းကို အတည်ပြုပေးခဲ့သည်ဟု ဆိုသည်။

 

 

အဆိုပါ ကူးစက်ရောဂါအက်ဉပဒေမူကြမ်းတွင် အရေးပေါ်စီမံအုပ်ချုပ်ရေးအခန်းကို ဖြည့်စွက်ပြဌာန်းထားသည်ဟု ဆိုသည်။

 

 

ထိုသို့ ဖြည့်စွက်ပြဌာန်းခြင်းကြောင့်အုပ်ချုပ်ရေးမဏ္ဍိုင်ကိုလွတ်ငြိမ်းချမ်းသာခွင့်သက်ရောက်စေမည် မဟုတ်ဘဲ ရိုးသားစွာတာဝန်ထမ်းဆောင်ခဲ့သည့်ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အကာအကွယ်ပေးရန် ဖြစ်သည်ဟု ဆိုသည်။

 

 

ထို့ပြင် အရေးကြုံလာသည့်အခါ အရေးပေါ်ထုတ်ပြန်ချက်ကိုကျင့်သုံးရန်မလိုအပ်ဘဲ ကူးစက်ရောဂါအက်ဉပဒေပါ အရေးပေါ်စီမံအုပ်ချုပ်ရေးအခန်းကို ကျင့်သုံးနိုင်မည်ဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS