16 May 2024

အစိုးရနှင့်ပြည်သူများပေါ့ဆလျင် လာမည့်နှစ်ဆန်းပိုင်းအတွင်း ကိုဗစ်-၁၉ ပဉ္စမလှိုင်းနှင့်ရင်ဆိုင်ရဖွယ်ရှိသည်ဟု ထိုင်းဗိုင်းရပ်စ်ပညာရှင်သတိပေး။

 

ထိုင်းနိုင်ငံတွင် ၂၀၂၁ ခုနှစ်အထိ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု ၄ ကြိမ်ဖြစ်ပွားခဲ့ပြီး ဂျီ၊ အယ်လ်ဖာ၊ ဒေလ် တာမျိုးကွဲအပါအဝင် နောက်ဆုံးပေါ် အိုမီခရွန်မျိုးကွဲတို့ကို တွေရှိခဲ့သည်ဟုကျူလာလောင်ကွန်းတက္ကသိုလ် ဗိုင်းရပ်စ်ပညာရှင် ပါမောက္ခ ဒေါက်တာ ယွန် ဖူ့ဝေါ်ရဝဏ္ဏ ကဆိုသည်။

 

GISAID ၏ အစီရင်ခံစာအရ အိုမီခရွန်မျိုးကွဲ၏မျိုးရိုးဗီဇကုဒ်အရေအတွက်သည်လျင်မြန်စွာတိုးပွားလာ နေပြီး ဒေလ်တာထက်ကူးစက်မှုမြန်ဆန်တာကြောင့် လာမည့် ၁ လ မှ ၂ လ အတွင်း ဒေလ်တာနေရာ တွင် အစားထိုးဝင်ရောက်လာမည်ဟု ယုံကြည်ရကြောင်း ၎င်းကဆိုသည်။ အာဖရိကတိုက်တွင်စတင်တွေ့ရှိခဲ့သော အိုမီခရွန်သည် ကမ္ဘာတစ်ခြမ်းကိုပျံ့နှံ့သွားပြီဟု ဆိုသည်။

 

ဉရောပနှင့်အမေရိကားတွင်ရောဂါကူးစက်ပျံ့နှံ့မှုအားကောင်းသည့်အပြင် အိုမီခရွန်မျိုးကွဲကိုခွဲခြမ်းစစ်ဆေးရာတွင် BA1,BA2 နှင့် BA3 မျိုးစိတ်ပေါင်း ၃ ခုအထိတွေ့ရသည်ဟု ဆိုသည်။ လတ်တလောကူးစက်ပျံ့နှံမှုတွင် BA1 မျိုးစိတ်တစ်ခုတည်းသာတွေ့ရသေးသည်ဟု ဆိုသည်။

 

နမူနာလူနာ ၉၆ ဦးကိုစစ်ဆေးရာတွင် ၄၀ ဦး မှ ၅၀ ဦးအထိအိုမီခရွန်တွေ့ရှိရ၍ အိုမီခရွန်မျိုးကွဲသည်ကူးစက်မှုမြန်ဆန်သည်ဟု ကောက်ချက်ချနိုင်ကြောင်း ပညာရှင်ကဆိုသည်။

 

အစိုးရနှင့်ပြည်သူများပေါ့ဆလျင် လာမည့်နှစ်ဆန်းပိုင်၌ ကူးစက်မှုပိုမိုလျင်မြန်လာနိုင်ပြီး ပဉ္စမလှိုင်းဖြစ်လာနိုင်ခြေမြင့်မားသည်ဟု သတိပေးထားသည်။

 

ယခုအချိန်ထိ အိုမီခရွန်မျိုးကွဲအတွက် သီးသန့်ကာကွယ်ဆေးမရှိသေးဟု ဆိုသည်။

 

သတင်း ရွှေကရင် (ရာမညမြေ)

SHARE THIS NEWS

OTHER NEWS