27 April 2024

ဂက်စ်အိုးတင်သွင်းခွင့်ပိတ်လိုက်တဲ့အတွက် ပြည်သူတွေ ဘယ်လို ကျပ်တည်းလာနိုင်လဲ
.
ဩဂုတ် ၂၅ ရက်၊ ၂၀၂၃
.
မီးဖိုချောင်သုံးဂက်စ်အိုး တင်သွင်းမှုလိုင်စင်ထုတ်ပေးခြင်းကို မြန်မာဘက်က ဆိုင်းငံ့လိုက်တယ်လို့ သိရပါတယ်။ အခုလို ဆိုင်းငံ့လိုက်တဲ့ အကြောင်းရင်းကို မသိရသေးပေမဲ့ ကျပ်ငွေတန်ဖိုး တဟုန်ထိုး ကျဆင်းလာတဲ့အတွက် သွင်းကုန်တန်ဖိုးလျှော့ချဖို့ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးခံရထားပါတယ်။
.
မီးမမှန်တဲ့အတွက် မြို့ပြနေပြည်သူအများစုဟာ မီးဖိုချောင်သုံးဂက်စ်အိုးတွေကို ပိုမိုအသုံးပြုလာနေကြတယ်လို့ သိရပါတယ်။ မြန်မာပြည်တွင်းမှာ အသုံးပြုနေကြတဲ့ မီးဖိုချောင်သုံးဂက်စ်အိုးတွေကို ထိုင်းနိုင်ငံကနေ အဓိက တင်သွင်းနေတာလို့ သိရပါတယ်။
.
အခုလို ဆိုင်းငံ့လိုက်တဲ့အတွက် ထိုင်းကနေဂက်စ်အိုးတင်သွင်းမှု ထိုးကျသွားမှာသေချာသလို ပြည်တွင်း ဂက်စ်အိုးလိုအပ်မှုအပေါ် ရိုက်ခတ်မှုဖြစ်လာပြီး ဂက်စ်အိုးမလောက်တဲ့အကျပ်အတည်းနဲ့ ရင်ဆိုင်ရမှာ သေချာပါတယ်။
.
ပြီးတော့ ဂက်စ်အိုးအသစ်တွေကို မတင်သွင်းတော့တဲ့နောက်မှာ ဂက်စ်အိုးဟောင်းတွေကိုပဲ လှည့်ပတ် သုံးစွဲရမှာဖြစ်လို့ အန္တရာယ်ဖြစ်နိုင်သလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
.
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ပရိသတ်တွေရဲ့ ထင်မြင်ချက်တွေကို မှတ်ချက်ပေးခဲ့ကြဖို့ တိုက်တွန်းလိုပါတယ်။
.
Photo: World Star Gas Stove,Oxygen Cyilder&Accessories
.

SHARE THIS NEWS

OTHER NEWS