27 April 2024

————————————-

အောက်တိုဘာ ၆ ရက်၊ ၂၀၂၁

 

ထိုင်းနိုင်ငံဘက်ကို တရားမဝင်နယ်ဖြတ်ကျော်ဝင်ရောက်လာသူတွေ ထိုင်းနိုင်ငံအစိုးရက လူသစ်တွေဘတ်ကက်လုပ်ပေးမယ်လို့ ကြေညာလိုက်ပြီကတည်းက တစ်ရက် ၃၀ ဦး၊ ၄၀ဦး၊ ၅၀ ဦးကျော်သည်အထိ အုပ်စုအလိုက်ဝင်ရောက်လာကြတာကို ဖမ်းဆီးမိတဲ့အထဲကသိရပါတယ်။

 

ထိုင်းဝင်ရောက်လာဖို့ ပွဲစားခကိုအရင်ကထက် များစွာတိုးကောက်လာတာကိုလဲ ဖမ်းမိတဲ့အလုပ်သမားတွေပြောပြချက်အရသိရပါတယ်။ ကုန်ကျစရိတ် ၁၂၀၀၀ ဘတ်ကနေ လက်ရှိအခြေအနေအထိ ၂၉၀၀၀ ဘတ်အထိပေးနေရပြီလို့ ချင်းမိုင်ဘက်မှာ ဖမ်းဆီးခြင်းခံရတဲ့အလုပ်သမားတွေထံကသိရပါတယ်။

 

ထိုင်းကိုအလုပ်လုပ်ဖို့လာတဲ့သူတွေပါနေသလို၊ နိုင်ငံရေးအခြေအနေကြောင့် အရဲစွန့်လာကြသူတွေလဲပါနေတယ်လို့ ဒီသတင်းကို သီးခြားအတည်ပြုလို့မရပေမယ့် ပြောဆိုနေသူတချို့ထံကသိရတာပါ။ ထို့ပြင် လွန်ခဲ့တဲ့ လအနည်းငယ်လောက်ကလဲ ဖမ်းဆီးခြင်းဘေးကလွတ်မြောက်အောင် ၅၀၅ အထုတ်ခံထားရတဲ့ မြန်မာတစ်ဦီး ချင်းမိုင်ဘက်မှာ နယ်ကျော်ဖြတ်ဝင်လာမှုနဲ့ အဖမ်းခံခဲ့ရပါတယ်။ ဒီသတင်းကိုတော့ ထိုင်းမှာပညာလာရောက်သင်ကြားနေတဲ့ ကျောင်းသူတစ်ဦီးရဲ့ ဆွေမျိုးတော်စပ်သူလို့ အတည်ပြုသတင်းပေးလာခဲ့ပါတယ်။

 

ထိုင်းနိုင်ငံဘက်မှ သတင်းထုတ်ပြန်ထားချက်အရ ယခု အောက်တိုဘာလ ၁ ရက်နေ့တွင် တာ့ခ်ခရိုင် မဲဆောက် ဧရိယာအတွင်း ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသားအမျိုးသမီး ၃၉ ဦး၊ အောက်တိုဘာလ(၃)ရက်နေ့တွင် မဲဆောက်နယ်မြေအတွင်း အမျိုးသား၊ အမျိုးသမီး၂၀ ဦးနှင့် ချင်းမိုင်ခရိုင် ဖန်ရွာအနီးဥယျာဉ်ခြံတစ်ခုတွင် တရားမ ဝင်မြန်မာလုပ်သား (၁၅)ဦးဖမ်းဆီးခံခဲ့ရပြီး။

 

ပကျွတ်ခီရီခမ်ခရိုင်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၈ ဦး ၊ လမ်းပြခေါ်ဆောင်လာသူ ၂ ဦး၊ မြန်မာနိုင်ငံ တနင်္သာရီတိုင်းကနေလာခဲ့ကြတဲ့သူတွေလို့သိရပါတယ်။ အောက်တိုဘာ ၅ ရက်၊ ထိုင်းနိုင်ငံ ကန်ကျနဘူရီခရိုင်ဘက်မှာ ၃၅ ဦီး၊ အမျိုးသမီး ၁၇ ဦီးနှင့် အမျိုးသား ၁၈ ဦးထပ်မံဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ သူတို့တွေဟာ မော်လမြိုင်မြို့၊ ပဲခူးမြို့၊ ဘားအံမြို့၊ ကနေလာခဲ့တယ်လို့ ဆိုပါတယ်။

 

ယခင်လ စက်တင်ဘာလ မှ ယခု အောက်တိုဘာလ ၆ ရက်နေ့ထိ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုမှ ဖမ်းဆီးခံရသူ ၅၀၀ ဦီးထက်မနည်းရှိပြီးလို့သိရပါတယ်။ မြန်မာနိုင်ငံသားများ ဝင်ရောက်မှုများပြားလာရခြင်းမှာ ထိုင်းနိုင်ငံအတွင်းရောက်ရှိနေသည့် အထောက်အထား မရှိသူများအား ထိုင်းအစိုးရမှ ယာယီနေထိုင် လုပ်ကိုင်ခွင့်အထောက်အထား စာရွက်စာတမ်း များဖြစ်သော ထောရော-38 ပန်းရောင်ကဒ်များ လုပ်ပေးမည်ဆိုသောသတင်းနှင့် ပွဲစားများ၏ တကျော့ပြန်လှုံ့ မက်လုံးပေးလှုံဆော်မှုများနဲ့ဆက်စပ်မှုရှိတယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေထံကသိရပါတယ်။

 

ယခုလိုအများအပြား တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများလာရခြင်းမှာ လက်ရှိမြန်မာနိုင်ငံထဲတွင် ကိုဗစ်နဲ့နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် အလုပ်အကိုင် ပိုမိုရှားပါးနေခြင်းကြောင့် ဟုသိရပါတယ်။

 

ထိုင်းနိုင်ငံဘက်သို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာ သူများသည် လူပွဲစားများအား ကယ်ရီခ ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၂၉၀၀၀ ထိ ပေးဆောင်ခဲ့ကြရသည်ဟု ဖမ်းမိတဲ့အလုပ်သမားတွေကပြောပါတယ်။

 

 

ကိုချစ် ဇွဲကပင်မြေ

SHARE THIS NEWS

OTHER NEWS