10 May 2024

ဆိတ်ဖြူမြို့နယ်တွင် ရန်သူ့တပ်ကို ပီဒီအက်ဖ်နှင့်ပကဖ ပူးပေါင်းတိုက်ခိုက်
.
ဇွန်၂၃ ရက်၊ ၂၀၂၃
.
မကွေးတိုင်း ဆိတ်ဖြူမြို့နယ်တွင် ရန်သူ့တပ်ကို ပီဒီအက်ဖ်/ပကဖ ပူးပေါင်းတိုက်ခိုက်ရာက ရန်သူ့ တပ်သား ၂၀ ဦးသေဆုံးပြီး ၃၀ ဦးဒဏ်ရာရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (စစ်ရုံးချုပ်) က ယနေ့တွင် ထုတ်ပြန်ထားသည်။
.
၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့၊ မနက်(၇:၅၀)နာရီတွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ဆိပ်ဖြူမြို့ မှ ဆောလမ်းပိုင်းသို့ ဝင်ရောက်လာသော ရန်သူ့အင်အား (၃၀) ခန့်ပါ စစ်ကားကြီး (၁) စီးကို သပြေကျေးရွာ နှင့်ရေကျော်ကျေးရွာအကြား လမ်းပိုင်းတစ်နေရာသို့ရောက်စဥ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း – တပ်ခွဲ ၁ (Caf – Spupdf) နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ – ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့ပူးပေါင်းကာ ပဒေသာမိုင်း (၄) လုံးတွဲဖြင့် ထိထိမိမိ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်ဖွဲ့ဝင် (၃) ဦး နေရာ၌ပင်သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ (၂၀) ဦး ခန့်ရှိခဲ့သည်ဟု ထုတ်ပြန်သည်။
.
တဆက်တည်တွင်း မနက်(၉)နာရီအချိန်၌ သပြေကျေးရွာနှင့်ရေကျော်ကျေးရွာအကြားသို့ ထပ်မံဝင် ရောက်လာ သော စစ်ကား (၁) စီး ကို ပဒေသာမိုင်းများဖြင့် ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့ တပ်ဖွဲ့ဝင် (၂) ဦး နေရာ၌ပင် သေဆုံး ခဲ့ပြီး (၅) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
.
တချိန်တည်းတွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့၊ မနက်(၁၁:၃၀)နာရီခန့်တွင် မကွေးတိုင်း၊ ဆိပ်ဖြူမြို့ နယ်၊ သပြေကျေးရွာနှင့်ရေကျော်ကျေးရွာအကြား လမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် အလောင်းများကို လာရောက်သယ်ဆောင်ရန်ရောက်လာသော စစ်ကား (၁) စီးက မိုင်းကွင်းများကို ဖျက်စီးကာ၊ နယ်မြေရှင်းလင်းရေးဝင်ရောက်လာခဲ့သည်ဟု ဖော်ပြထားသည်။
.
ထို့ပြင် ဝင်ရောက်လာသော စစ်ကား(၁)စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း – တပ်ခွဲ ၁ (Caf – Spupdf) နှင့် ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့က ပဒေသာမိုင်းများဖြင့် ထပ်မံတိုက် ခိုက်ခဲ့ရာ စစ်ကား (၁) စီး ပျက်စီး ခဲ့သည်။ ရန်သူ့တပ်ဖွဲ့ဝင် (၁၅) ဦး သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူ (၅) ဦးခန့်ရှိခဲ့သည်ဟု ရေးသားထားသည်။
.
ထို့နောက် ဇွန်လ(၂၀)ရက်နေ့နှင့်(၂၁)ရက်နေ့ နှစ်ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ရန်သူ့တပ်၏ စစ်ကား(၁) စီးပျက်စီးခဲ့ပြီး ရန်သူ့တပ်သား (၂၀) ဦးသေဆုံးကာ (၃၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပီဒီအက်ဖ်ပူးပေါင်းတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ တိုက်ခိုင်နိုင်ခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။
.
Photo: ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) >စစ်ကြောင်းထွက်လာသော မကွေးတိုင်းအတွင်းရှိ PDF ရဲဘော်များ<
.
Myanmar Live မှ သတင်းများကို အောက်ပါပလက်ဖောင်းများတွင် စောင့်ကြည့်နိုင်ပြီ
Twitter : https://bit.ly/3gGOuaL
Instagram : https://bit.ly/3HPR8a3
TikTok : https://bit.ly/3oLirLd
Youtube : https://bit.ly/34F5F9Z

SHARE THIS NEWS

OTHER NEWS