4 May 2024

,

အမေရိကန်နိုင်ငံဆေးကုမ္ပဏီ Merck က  Molnupiravir မိုလ်နျူပီးရဗီးယား ဆိုတဲ့ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ ဆေးဝါးတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ပြီ

ဖြစ်တယ်လို့သိရပြီး နိုင်ငံခြားတင်းအေဂျင်စီ တွေက အဲဒီဆေး ရဲ့ စမ်းသပ်မှုရလဒ်တွေကို ထုတ်ဖေါ်ရေးသားခဲ့ပါတယ်။

အဲဒီဆေးစမ်းသက်မှုမှာ ကိုဗစ်လူနာပေါင်း ၇၇၅ ယောက်ပါဝင်ခဲ့ပြီး ဆေးမတိုက်ထားသူ ၁၄ ဒဿမ ၁ ရာခိုင်နှုန်းဟာ ရောဂါပြင်းထန်လို့

ဆေးရုံတင်ခဲ့ရပေမယ့် ဆေးသောက်ထား သူ ၇ ရာခိုင်နှုန်းလောက်သာလျင် ဆေးရုံတက်ရတဲ့အထိ ရောဂါပြင်းထန်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စမ်းသပ်မှုအတွင်းမှာ ပါဝင်တဲ့ လူနာတွေထဲက ဆေးသောက်ထားသူ တဦးမှ အသက် ဆုံးရှုံးမှု မရှိခဲ့ပဲ ဆေးမတိုက်တဲ့

အုပ်စုအတွင်းကတော့ ၈ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Merck နဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့တဲ့ Ridgeback Biotherapeutics တို့က အမေရိကန်နိုင်ငံမှာ နောက်နှစ်ပတ်လောက်အတွင်း

အရေးပေါ်အခြေအနေ အသုံးပြုခွင့်ရအောင် ကြိုးစားသွားမယ်လို့ပြောပါတယ်။

Merck ကုမ္ပဏီကတော့ မိုလ်နျူပီးရဗီးယား ဆေးတွေကို ၂၀၂၁ နှစ် မကုန်ခင်မှာ ဆေးအဖုံ ၁၀ သန်း စာ ထုတ်နိုင်ဖို့

ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

ဗစ်ကာကွယ်ဆေးထုတ်တဲ့ ကုမ္ပဏီဖြစ်တဲ့ ဖိုင်ဇာ ကုမ္ပဏီက ဗိုင်းရပ်စ်တိုက်ဖျက်မှု အခြေခံတဲ့ ကိုဗစ်သောက်ဆေးနှစ်မျိုးကို

စမ်းသပ်မှုက နိဂုံးပိုင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပြီး ဆွစ်ဇာလန် ကုမ္ပဏီတခုဖြစ်တဲ့ Roche ကလည်း အလားတူ

စမ်းသပ်မှု လုပ်နေတယ်လို့ ဆိုပါတယ်။

Merck ကုမ္ပဏီကတော့ မိုလ်နျူပီးရဗီးယား ဆေးတွေကို ၂၀၂၁ နှစ် မကုန်ခင်မှာ ဆေးအဖုံ ၁၀ သန်း စာ ထုတ်နိုင်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။

အမေရိကန်အစိုးရကတော့ အဲဒီဆေးတွေသာ အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဆီက အတည်ပြုချက်ရမယ် ဆိုရင်

အမေရိကန်ဒေါ်လာ ၁.၂ ဘီလျံ ဖို့ ဝယ်ယူဖို့ ကုမ္ပဏီနဲ့ သဘောတူညီမှု ရပြီးသား ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ Merck ကုမ္ပဏီဟာ ယူကေ အပါအဝင် အခြားနိုင်ငံတွေကို ဆက်လက်ရောင်းချဖို့ကိုလည်း

ဆွေးနွေးနေတဲ့အပြင် ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနည်း နိုင်ငံတွေမှာ အခြားဆေးနာမည်နဲ့ ဆေးအမျိုးတူ

ထုတ်လုပ်ပေးမယ့် အခြား ဆေးကုမ္ပဏီတွေနဲ့လည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

SHARE THIS NEWS

OTHER NEWS